ဆိုင်ကယ်ကို ခိုးယူပြီးနောက် တောင်းပန်စာနဲ့ ပြန်လာပို့ခဲ့တဲ့ နူးညံတဲ့နှလုံးသားနဲ့သူခိုး

ဆိုင်ကယ်ကို ခိုးယူပြီးနောက် တောင်းပန်စာနဲ့ ပြန်လာပို့ခဲ့တဲ့ နူးညံတဲ့နှလုံးသားနဲ့သူခိုး

အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာကာတာရှိ Matraman မြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ နှလုံးသားနူးညံ့တဲ့ သူခိုးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ မတ်လ ၃ရက်နေ့ မှာ F ရဲ့ ဆိုင်ကယ် Honda Beat ကို ခိုးယူခံရတဲ့ အကြောင်းကို CCTV မှာ တွေ့ရှိခဲ့ပါတယ်။

ဗီဒီယိုဖိုင်တစ်ခုမှာ အစပိုင်းကတော့ သူခိုးက Kawasaki ကို ခိုးလိုသော်လည်း ခိုးလို့မရတဲ့အတွက်ကြောင့် Honda Beat ကို ခိုးယူသွားခဲ့တယ်လို့ Tribun News က ဖော်ပြခဲ့ပါတယ်။F က မျှော်လင့်ချက်လုံးဝမရှိတော့ပေမဲ့လည်း မတ်လ၆ရက်နေ့မှာ သူမအိမ်ရှေ့ကို မော်တော်ဆိုင်ကယ်နဲ့အတူ စာတစ်စောင်ပါချန်ထားပြီး ပြန်လာပို့ခဲ့ပါတယ်။စာထဲမှာ “တောင်းပန်ပါတယ်။သူဌေး ကျွန်တော်အမှား လုပ်မိပါတယ်”။ဆိုတဲ့စာစောင်ဖြစ်ပါတယ်။

Fဟာ သူမအကြိုက်ဆုံးဆိုင်ကယ်ကို ပြန်လာပို့တဲ့အတွက်ကြောင့် စိတ်သက်သာရာရပြီး အရမ်းပျော်ခဲ့ပါတယ်။သို့ပေမဲ့လည်း သူမရဲ့အပြာရောင်မော်တော်ဆိုင်ကယ်ကို စတစ်ကာ အနီရောင်ကာရံထားကြောင်း သူမသတိပြုမိခဲ့ပါတယ်။

သူခိုးက ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို မသိသေးပေမဲ့လည်း များစွာသော အင်တာနက်အသုံးပြုသူတွေက သူခိုးဟာ သူ့ကို ရဲတွေ စစ်ဆေးမှာကို စိုးရိမ်တဲ့အတွက်ကြောင့် ဆိုင်ကယ်ပြန်လာထားတာနေမလို့ ထင်မြင်ကြပါတယ်။F ဟာ သူမရဲ့ဆိုင်ကယ်ကို ပြန်လာထားတဲ့အတွက်ကြောင့် အဲ့ဒီသူခိုးကို အရမ်းဘဲကျေးဇူးတင်မိမှာ အမှန်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*