ဆရာဖြစ်သူဧ။် စျာပနာအခမ်းအနားသို့ ၁၅မိုင်အကွာအဝေးကို ၂နာရီကြာ လမ်းလျှောက်ပြီး အရိုအသေလာပေးခဲ့သော ဆင်လိမ်မာလေး
လောကကြီးတွင် လူသားနှင့် တိရစ္ဆာန်တို့သည် အတူတကွနေထိုင်တာကြာလာသည်နှင့်အမျှ တစ်ဦးနှင့်တစ်ဦး နားလည်လာပြီး သံယောဇဉ်ဖြစ်ကာ ခွဲခွာရမည့်အချိန်တွင် တိရစ္ဆာန်ကလည်း တိရစ္ဆာန်များအလျောက် ခံစားတတ်သော နှလုံးသားရှိသည်။
ယခုအခါတွင်လည်း အိန္ဒိယနိုင်ငံမှ အိုမာချန်တန်အမည်ရှိသော အသက် ၇၄နှစ်အရွယ်အဖိုးအိုသည် ကီရာလာတွင် ဆင်များကို လိမ်မာယဥ်ပါးအောင် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ဆယ်စုနှစ်ကြာ လုပ်ကိုင်ခဲ့၍ နာမည်ကြီးသူတစ်ဦးဖြစ်သည်။
ထိုအဖိုးအိုသည် ကင်ဆာရောဂါကြောင့် ရုတ်တရက် သေဆုံးခဲ့ရာ သူဧ။်အချစ်ဆုံးဆင်လေးတစ်ကောင်သည် နောက်ဆုံးအကြိမ်သူနှင့် တွေ့ဆုံရန် ၁၅မိုင်ကွာဝေးသော ခရီးကို ၂နာရီကြာ လမ်းလျှောက်လာခဲ့သည်။
ဆင်လေးသည် ဆရာဖြစ်သူဧ။် စျာပနာအခမ်းအနားတွင် မိသားစုဝင် ဆွေမျိုးများကြားတွင် တိုးဝင်ကာ ဆရာဧ။် ရုပ်အလောင်းအား ဝမ်းနည်းကြေကွဲစွာ မျက်ရည်များကျလျက် လေးစားသောအားဖြင့် အရိုအသေပေးခဲ့သည်။
ထိုအဖြစ်အပျက်သည် လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီး အများမှ ဆင်လေးအား လိမ်မာပါးနပ်ပြီး ကျေးဇူးသိတတ်မှုကြောင့် ချီးမွမ်းနေကြသည်။
Zawgyi
ဆရာဖြစ်သူဧ။် ဈာပနာအခမ်းအနားသို့ ၁၅မိုင်အကွာအဝေးကို ၂နာရီကြာ လမ်းလျှောက်ပြီး အရိုအသေလာပေးခဲ့သော ဆင်လိမ်မာလေး
Leave a Reply