
ဆရာကျလွန်းတဲ့လက်ရာတွေကြောင့်၊နာမည်ကြီးနေသူ(12)နှစ်အရွယ်တက်တူးဆရာမလေး
တက်တူးထိုးတာကိုတော့၊ယခုခေတ်နှောင်းပိုင်းမှာဖက်ရှင်တခုအနေနဲ့ပြုလုပ်လာကြပါပီ။ယောက်ျားလေးများနည်းတူ၊မိန်းခလေးအများစုကလဲ၊စွဲလမ်းနှစ်သက်စွာပြုလုပ်လာကြပါတယ်။
Professionalတက်တူးဆရာများမှာလဲ၊မိန်းခလေးတက်တူးဆရာများလဲအများအပြားပေါ်ထွက်လာတဲ့ခေတ်ဖြစ်နေပါပီ။ယခုဖော်ပြပေးမဲ့၊အသက်(13)နှစ်အရွယ်ကောင်မလေးတစ်ဦးကတော့၊ဂျပန်နိုင်ငံရဲ့တက်တူးဆရာများထဲကတစ်ယောက်ဖြစ်နေပါပီ။
noko ဆိုတဲ့အသက်(12)နှစ်အရွယ်သာရှိသေးတဲ့ကလေးမလေးဟာ၊ဂျပန်နိုင်ငံက၊နာမည်ကြီးတက်တူးဆရာတစ်ယောက်ရဲ့သမီးဖြစ်ပါတယ်။တနေ့မှာတော့ဖခင်ဟာ၊သမီးဖြစ်သူကိုတက်တူးဝါသနာပါရင်ကိုယ်တိုင်လေ့လာနိုင်တယ်လို့ပြောပီးတဲ့နောက်မှာတော့၊သမီးဖြစ်သူဟာကျောင်းပိတ်ရက်အားလပ်ချိန်တိုင်း၊ဖခင်ဖြစ်သူရဲ့တက်တူးဆိုင်ကိုဝင်ပီးလေ့လာသင်ယူခဲ့ပါတယ်။
အချိန်ခြောက်လလောက်ကြာပီးနောက်မှာတော့၊သမီးဖြစ်သူကိုဖခင်ရဲ့သူငယ်ချင်းကိုယ်ခန္ဓာပေါ်မှာ၊သမီးဖြစ်သူစိတ်ကြိုက်ပုံတပုံဆွဲဖို့ခွင့်ပြုခဲ့ပါိတယ်။သမီးဖြစ်သူဟာအရမ်းစိတ်လှုပ်ရှားနေခဲ့ပီး၊အချိန်မိနစ်(90)လောက်ယူပီးဆွဲခဲ့တဲ့အခါမှာတေ့ာ၊အပြစ်ကင်းပီးလှပတဲ့တက်တူးလေးကိုဆွဲနိုင်ခဲ့လို့၊အံ့သြခဲ့ကြပါတယ်။
ထိုအချိန်ကစပီးသူမဟာ၊အတွေ့အကြုံတွေကတဆင့်ယုံကြည်မှုပိုရှိလာခဲ့ပီး၊ယခုအခါမှာတော့အသက်အငယ်ဆုံးတက်တူးဆရာမလေးတစ်ယောက်ဖြစ်လာခဲ့ပါပီ။
လွန်ခဲ့တဲ့(2017)ခုနှစ်တုန်းက၊ပနားမားမြို့ရှိEzrah Dormonလို့ခေါ်တဲ့အသက်(12)နှစ်အရွယ်ခလေးဟာလဲ၊ကမ္ဘာ့အသက်အငယ်ဆုံးတက်တူးဆရာအဖြစ်ထင်ရှားခဲ့ဖူးပါတယ်။
Leave a Reply