
ဆရာကို လက်ဆက်တဲ့ငှက်ပျော်သီးလက်ဆောင်ပေးပြီး ဖိနပ်အသစ် ပြန်လည်ရရှိခဲ့တာကြောင့် ပျော်မဆုံးဖြစ်နေတဲ့ ဆင်းရဲသားကလေးငယ်
တောင်ပေါ်မှာ နေထိုင်တဲ့ Manuel အမည်ရှိ ကလေးငယ်တစ်ဦးဟာ ကျောင်းကို အဝေးကြီးလမ်းလျှောက်သွားရပေမဲ့ ကျောင်းကို တခါမှ နောက်မကျဘဲ အစောကြီးလာခဲ့ပါတယ် ။ ဝမ်းနည်းစရာကောင်းတာက ဒီကလေးမှာ ဖိနပ်ဝယ်ဖို့ ပိုက်ဆံမရှိတာကြောင့် ခြေဗလာနဲ့ ကျောင်းကို အတတ်နိုင်ဆုံး သွားခဲ့ရပါတယ် ။ မကြာသေးမီက Manuel ဟာ သူ့ရဲ့ဆရာကို သူတို့ခြံမှ လတ်ဆတ်ဖွယ်ကောင်းတဲ့ငှက်ပျောသီးကို ပေးပြီး လူအများကို အာရုံစိုက်စေခဲ့ပါတယ် ။
Ryan James Dueñas လို့ခေါ်တဲ့ ကျောင်းဆရာက တောင်ပေါ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာတစ်ဦးဖြစ်ပြီး သူ့ကျောင်းသားတွေရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲများကို နားလည်နိုင်ခဲ့ပါတယ် ။ ကလေးအတော်များများက ကျောင်းကို အဝေးကြီးလမ်းလျှောက်လာရပြီး အများစုက သူတို့လိုအပ်တဲ့အရာများကို ဝယ်ဖို့ လုံလောက်တဲ့ အရင်းအမြစ်များ မရှိကြပါဘူး ။ တစ်နေ့ Manuel က ကျောင်းကို နောက်ကျမှ ရောက်လာခဲ့ပါတယ် ။
သူက သိပ်နောက်ကျသွားပြီဆိုတာသိဒါကြောင့် အပြင်မှာနေပြီး အတန်းထဲကလူတွေ သူအပြင်မှာရှိနေမှန်း သတိမထားမိခင်အထိပဲ သူနေခဲ့ရပါတယ် ။ အတန်းထဲက ကလေးတွေဟာ Manual ကို သတိထားမိပြီး ဆရာ Ryan ကို သူတို့ချက်ချင်းအကြောင်းကြားလိုက်ပြီး ဆရာက အတန်းထဲဝင်ခွင့်ပေးလိုက်ပါတယ် ။ဒါပေမဲ့ ဆရာ Ryan အင်္ဂလိပ်စာ ဆက်လက်သင်ကြားစဉ် Manuel ဟာ အာရုံစိုက်ခြင်းမရှိဘဲ သူအိတ်ထဲကတစ်ခုခုနဲ့ အလုပ်ရှုပ်နေတာကို သတိပြုမိခဲ့ပါတယ် ။ ဆရာက ကလေးကို ကောင်းကောင်းနားထောင်စေပြီး သူတို့သင်ခန်းစာကို လိုက်မှီစေချင်လို့ ဆရာ Ryan က သူ့ကိုခေါ်လိုက်ပါတယ် ။
ကလေးက သူ့အိတ်ထဲကငှက်ပျောတစ်စည်းကို ထုတ်ပေးတဲ့အခါ ဆရာက အံ့သြသွားပါတယ် ။ ပြီးတော့ ဆရာ့ကို ပေးလိုက်ပါတယ် ။ ကြည့်ရတာက Manuel ဟာ အတန်းထဲဝင်ခွင့်ပေးတဲ့ ဆရာရဲ့ကြင်နာမှုများအတွက် ကျေးဇူးတင်ချင်တဲ့ပုံရပါတယ် ။ အံ့အားသင့်သွားတဲ့ ဆရာက ထိုလက်ဆောင်ကိုသဘောကျပြီး ၎င်းကို Facebook ပေါ် ဝေမျှခဲ့ပါတယ် ။ ထို့အပြင် ဆရာRyan က ထိုကလေးကို ဖိနပ်အသစ်နဲ့ အံ့အားသင့်ရန် ဆုံးဖြတ်ခဲ့လိုက်ပါတယ် ။
Zawgyi
ဆရာကို လက္ဆက္တဲ့ငွက္ေပ်ာ္သီးလက္ေဆာင္ေပးၿပီး ဖိနပ္အသစ္ ျပန္လည္ရရွိခဲ့တာေၾကာင့္ ေပ်ာ္မဆုံးျဖစ္ေနတဲ့ ဆင္းရဲသားကေလးငယ္
ေတာင္ေပၚမွာ ေနထိုင္တဲ့ Manuel အမည္ရွိ ကေလးငယ္တစ္ဦးဟာ ေက်ာင္းကို အေဝးႀကီးလမ္းေလွ်ာက္သြားရေပမဲ့ ေက်ာင္းကို တခါမွ ေနာက္မက်ဘဲ အေစာႀကီးလာခဲ့ပါတယ္ ။ ဝမ္းနည္းစရာေကာင္းတာက ဒီကေလးမွာ ဖိနပ္ဝယ္ဖို႔ ပိုက္ဆံမရွိတာေၾကာင့္ ေျခဗလာနဲ႔ ေက်ာင္းကို အတတ္ႏိုင္ဆုံး သြားခဲ့ရပါတယ္ ။ မၾကာေသးမီက Manuel ဟာ သူ႔ရဲ႕ဆရာကို သူတို႔ၿခံမွ လတ္ဆတ္ဖြယ္ေကာင္းတဲ့ငွက္ေပ်ာသီးကို ေပးၿပီး လူအမ်ားကို အာ႐ုံစိုက္ေစခဲ့ပါတယ္ ။
Ryan James Dueñas လို႔ေခၚတဲ့ ေက်ာင္းဆရာက ေတာင္ေပၚေတြမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာတစ္ဦးျဖစ္ၿပီး သူ႔ေက်ာင္းသားေတြရဲ႕ ေန႔စဥ္ႀကဳံေတြ႕ေနရတဲ့ အခက္အခဲမ်ားကို နားလည္ႏိုင္ခဲ့ပါတယ္ ။ ကေလးအေတာ္မ်ားမ်ားက ေက်ာင္းကို အေဝးႀကီးလမ္းေလွ်ာက္လာရၿပီး အမ်ားစုက သူတို႔လိုအပ္တဲ့အရာမ်ားကို ဝယ္ဖို႔ လုံေလာက္တဲ့ အရင္းအျမစ္မ်ား မရွိၾကပါဘူး ။ တစ္ေန႔ Manuel က ေက်ာင္းကို ေနာက္က်မွ ေရာက္လာခဲ့ပါတယ္ ။
သူက သိပ္ေနာက္က်သြားၿပီဆိုတာသိဒါေၾကာင့္ အျပင္မွာေနၿပီး အတန္းထဲကလူေတြ သူအျပင္မွာရွိေနမွန္း သတိမထားမိခင္အထိပဲ သူေနခဲ့ရပါတယ္ ။ အတန္းထဲက ကေလးေတြဟာ Manual ကို သတိထားမိၿပီး ဆရာ Ryan ကို သူတို႔ခ်က္ခ်င္းအေၾကာင္းၾကားလိုက္ၿပီး ဆရာက အတန္းထဲဝင္ခြင့္ေပးလိုက္ပါတယ္ ။ဒါေပမဲ့ ဆရာ Ryan အဂၤလိပ္စာ ဆက္လက္သင္ၾကားစဥ္ Manuel ဟာ အာ႐ုံစိုက္ျခင္းမရွိဘဲ သူအိတ္ထဲကတစ္ခုခုနဲ႔ အလုပ္ရႈပ္ေနတာကို သတိျပဳမိခဲ့ပါတယ္ ။ ဆရာက ကေလးကို ေကာင္းေကာင္းနားေထာင္ေစၿပီး သူတို႔သင္ခန္းစာကို လိုက္မွီေစခ်င္လို႔ ဆရာ Ryan က သူ႔ကိုေခၚလိုက္ပါတယ္ ။
ကေလးက သူ႔အိတ္ထဲကငွက္ေပ်ာတစ္စည္းကို ထုတ္ေပးတဲ့အခါ ဆရာက အံ့ၾသသြားပါတယ္ ။ ၿပီးေတာ့ ဆရာ့ကို ေပးလိုက္ပါတယ္ ။ ၾကည့္ရတာက Manuel ဟာ အတန္းထဲဝင္ခြင့္ေပးတဲ့ ဆရာရဲ႕ၾကင္နာမႈမ်ားအတြက္ ေက်းဇူးတင္ခ်င္တဲ့ပုံရပါတယ္ ။ အံ့အားသင့္သြားတဲ့ ဆရာက ထိုလက္ေဆာင္ကိုသေဘာက်ၿပီး ၎ကို Facebook ေပၚ ေဝမွ်ခဲ့ပါတယ္ ။ ထို႔အျပင္ ဆရာRyan က ထိုကေလးကို ဖိနပ္အသစ္နဲ႔ အံ့အားသင့္ရန္ ဆုံးျဖတ္ခဲ့လိုက္ပါတယ္ ။
Leave a Reply