ဆယ်ကျော်သက် အရွယ်ကလေးမလေးရဲ. အသက်ဆယ့်နှစ်ပြည့် မွေးနေ့ပွဲမှာ ရရှိခဲ့တဲ့ ဦးလေးဖြစ်သူဆီက ထူးထူးခြားခြား လက်ဆောင်

Nicole Taaffe အမည်ရှိ ကလေးမဟာ သူမအသက် ၈ နှစ်အရွယ်တုန်းက ဦးလေးဖြစ်သူနဲ့ အသက် ၁၈ နှစ်ထိ အရက်လုံးဝ မသောက်ပဲ နေနိုင် မနေနိုင်ဆိုပြီး ပေါင် ၅၀၀ ကြေး လောင်းခဲ့ကြပါတယ်။

ကတိတည်ပြီး စိတ်ထိန်းနိုင်တဲ့ ဒီကလေးမဟာ အခုဆိုရင်တော့ သူမရဲ. ဦးလေးဆီကနေ ပေါင် ၅၀၀ ကို အနိုင်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။


ဦးလေးဖြစ်သူ Myles အသက် ၂၉ နှစ်က ဒီလိုဆိုပါတယ် ၊ သူ့အနေနဲ့ ဒီလောင်းကစားကို ပြုလုပ်ခဲ့ရခြင်းက သူတို့ရဲ. မြို.မှာ များစွာသော ဆယ်ကျော်သက်တွေဟာ အရက်သောက်ခြင်း ပြဿနာနဲ့ အဲ့အချိန်တုန်းက ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပြီး ၊ သူက သူ့မလေးကို ဒီမှားယွင်းတဲ့ လမ်းကြောင်းကို ရောက်မသွားစေချင်လို့ပါတဲ့ ။

ဦးလေးဖြစ်သူက သူ့အနေနဲ့ အခုလို ပြုမူခြင်းကနေ တူမဖြစ်သူကို မှားယွင်းတဲ့ လမ်းကြောင်းကို မရောက်စေသလို ၊ ဆယ်ကျော်သက် အရွယ်မှာ အမှားတွေ ပြုလုပ်မိဖို့လည်း အထောက်အကူဖြစ်မယ်လို့ ဆိုပါတယ်။

သူမက အစပိုင်းမှာတော့ ဒါကို အပြောင်အပျက်သဘော လက်ခံခဲ့တာ ဖြစ်ပြီး ၊ နောက်ပိုင်းမှာတော့ တကယ်ကို အလေးအနက်ထားပြီး လိုက်နာခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ရဲ. ဇာတ်လမ်းဟာ အတုယူစရာလေးတွေ ရှိပါတယ် ၊ဆယ်ကျော်သက် လူငယ်တွေကို ဘယ်လို ထိန်းကျောင်းမလည်းဆိုတာ မှတ်သားစရာပါပဲ ၊ လောင်းကြေးစားကြေးနဲ့ လုပ်တယ်ဆိုတာထက် ဆုပေးတာလို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။ သင်ရော ??

Be the first to comment

Leave a Reply

Your email address will not be published.


*