
ဆင်းရဲသားများအတွက် အိမ်သာဆောက်ပေးခြင်း ၊ ဆိုလာပြားများ တပ်ပေးခြင်းနှင့် နေအိမ်များပါပြုပြင်ပေးနေတဲ့ ကြင်နာတတ်တဲ့ နိုင်ငံခြားသား vlogger တစ်ဦး (ရုပ်သံ)
ကုလသမဂ္ဂရဲ့စာရင်းအင်းများအရ ဖိလစ်ပိုင်နိုင်ငံသား ၂၆ သန်းကျော်က သက်တောင့်သက်သာရှိတဲ့အခန်းများ (သို့) အိမ်သာများကို သုံးစွဲခွင့်မရှိကြရဘူးလို့ သိရပါတယ်။ ထို့ပြင် ကူးစက်ရောဂါအခြေအနေကြောင့် ဖိလစ်ပိုင် Cebu မြို့မှာ ပိတ်မိနေခဲ့တဲ့ Dustin Borglin အမည်ရှိနိုင်ငံခြားသားအမျိုးသားတစ်ဦးဟာ Cebu မြို့ Barangay ကျေးရွာမှာ နေထိုင်ခဲ့စဉ် ရင်ဆိုင်ခဲ့ရတဲ့ ခက်ခဲတဲ့အမှန်တရားများကို ပြန်မျှဝေပေးခဲ့ပါတယ်။ Dustin ဟာ ဖိလစ်ပိုင်နိုင်ငံသားများရဲ့ဧည့်ဝတ်ကျေမှုကိုတွေ့ကြုံခဲ့ရတဲ့အတွက် အမှန်တကယ် ကျေးဇူးတင်နေခဲ့ပေမဲ့ အချို့မိသားစုများအတွက် သင့်လျော်တဲ့ အခြေခံအသုံးအဆောင်များ မရှိခြင်းကိုလည်း Dustin က သိလိုက်ရတာကြောင့် အံ့ဩမိသွားခဲ့ပါတယ်။
နောက်ပိုင်း ဆင်းရဲတဲ့မိသားစုအချို့၌သာ သက်တောင့်သက်သာအခန်းများမရှိတာကို Dustin က သဘောပေါက်ခဲ့ရတာကြောင့် ထိုမိသားစုများအတွက် အိမ်သာများတည်ဆောက်ပေးရန် သူ့ရဲ့CR ပရောဂျက်ကို စတင်ခဲ့ပါတယ်။ Dustin ဟာ သူ့ရဲ့ CR ပရောဂျက်ဖြင့် အိမ်သာ 23 လုံးကျော် တည်ဆောက်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ကောင်းမှုကြောင့် Barangay ကျေးရွာရှိမိသားစုများစွာလည်း အကျိုးခံစားစေခဲ့ပြီး YouTube ရှိ Dustin Backpacks channel မှတစ်ဆင့် ၎င်းရဲ့CR ပရောဂျက်ကိုလည်း မျှဝေထားခဲ့ပါတယ်။
ဗီဒီယိုထဲမှာ ဆင်းရဲနွမ်းပါးတဲ့ Angie အမည်ရှိမိန်းကလေးတစ်ယောက်ရဲ့မိသားစုအတွက် သက်တောင့်သက်သာရှိတဲ့အခန်းကို Dustin က တည်ဆောက်ပေးခဲ့ပြီး ထိုသက်တောင့်သက်သာရှိတဲ့ အခန်းကိုအပြီးသတ်ရန်အတွက် php 40, 261 ကိုအသုံးပြုခဲ့ကြောင်း Dustin က ဆိုပါတယ်။
ဗီဒီယိုထဲမှာ Dustin က ထိုမိသားစုရဲ့အိမ်နောက်ဘက်မှာတည်ဆောက်ထားတဲ့ သက်တောင့်သက်သာအခန်းကိုလည်း အသေးစိတ်ပြသခဲ့သလို ၎င်းတို့ ကောင်းစွာတပ်ဆင်ထားသည့် ပိုက်များနှင့် ရေနုတ်မြောင်းများကိုလည်း ပြသခဲ့ပါတယ်။
ဗီဒီယိုမှာ ကျောက်ဆောင်ဧရိယာမှာ အိမ်သာဆောက်တဲ့လုပ်ငန်းစဉ်ကိုလည်း ပြသထားပါတယ်။ Angie ရဲ့CR ပရောဂျက်ကို ပြီးအောင်ပြုလုပ်ဆောင်ပြီးနောက် ၎င်းတို့ဟာ Dustin နှင့်အတူ အစားအသောက်နဲ့ အချိုရည်များဖြင့် ဂုဏ်ပြုပွဲ ပြုလုပ်နေတာကိုလည်း ထိုဗီဒီယိုမှာ တွေ့မြင်နိုင်ပါတယ်။
ကြင်နာတဲ့ Dustin ဟာ မိသားစုတစ်စုရဲ့ ပထမဆုံးရေခဲသေတ္တာကိုဝယ်ပေးခဲ့တဲ့အပြင် ၎င်းတို့ရဲ့ BBQ လုပ်ငန်းစဖို့အတွက် အထောက်အပံ့များလည်း ပေးခဲ့ပါသေးတယ်။ Dustin ဟာ အမျိုးသမီးနှစ်ဦးတို့ရဲ့ အိမ်ခေါင်မိုး၊ သုံးထပ်သား နံရံများကိုအိမ်ဆေးသုတ်ပေးခြင်းဖြင့်လည်း သက်တောင့်သက်သာ ဖြစ်စေခဲ့ပါတယ်။ Barangay ကျေးရွာရှိ လျှပ်စစ်မီးမရှိသူများအတွက်လည်း Dustin က ဆိုလာပြားများကိုပင် တပ်ဆင်ပေးခဲ့ပါသေးတယ်။
Zawgyi
ကုလသမဂၢရဲ႕စာရင္းအင္းမ်ားအရ ဖိလစ္ပိုင္ႏိုင္ငံသား ၂၆ သန္းေက်ာ္က သက္ေတာင့္သက္သာရွိတဲ့အခန္းမ်ား (သို႔) အိမ္သာမ်ားကို သုံးစြဲခြင့္မရွိၾကရဘူးလို႔ သိရပါတယ္။ ထို႔ျပင္ ကူးစက္ေရာဂါအေျခအေနေၾကာင့္ ဖိလစ္ပိုင္ Cebu ၿမိဳ႕မွာ ပိတ္မိေနခဲ့တဲ့ Dustin Borglin အမည္ရွိႏိုင္ငံျခားသားအမ်ိဳးသားတစ္ဦးဟာ Cebu ၿမိဳ႕ Barangay ေက်း႐ြာမွာ ေနထိုင္ခဲ့စဥ္ ရင္ဆိုင္ခဲ့ရတဲ့ ခက္ခဲတဲ့အမွန္တရားမ်ားကို ျပန္မွ်ေဝေပးခဲ့ပါတယ္။ Dustin ဟာ ဖိလစ္ပိုင္ႏိုင္ငံသားမ်ားရဲ႕ဧည့္ဝတ္ေက်မႈကိုေတြ႕ႀကဳံခဲ့ရတဲ့အတြက္ အမွန္တကယ္ ေက်းဇူးတင္ေနခဲ့ေပမဲ့ အခ်ိဳ႕မိသားစုမ်ားအတြက္ သင့္ေလ်ာ္တဲ့ အေျခခံအသုံးအေဆာင္မ်ား မရွိျခင္းကိုလည္း Dustin က သိလိုက္ရတာေၾကာင့္ အံ့ဩမိသြားခဲ့ပါတယ္။
ေနာက္ပိုင္း ဆင္းရဲတဲ့မိသားစုအခ်ိဳ႕၌သာ သက္ေတာင့္သက္သာအခန္းမ်ားမရွိတာကို Dustin က သေဘာေပါက္ခဲ့ရတာေၾကာင့္ ထိုမိသားစုမ်ားအတြက္ အိမ္သာမ်ားတည္ေဆာက္ေပးရန္ သူ႔ရဲ႕CR ပေရာဂ်က္ကို စတင္ခဲ့ပါတယ္။ Dustin ဟာ သူ႔ရဲ႕ CR ပေရာဂ်က္ျဖင့္ အိမ္သာ 23 လုံးေက်ာ္ တည္ေဆာက္ေပးႏိုင္ခဲ့ၿပီး သူ႔ရဲ႕ေကာင္းမႈေၾကာင့္ Barangay ေက်း႐ြာရွိမိသားစုမ်ားစြာလည္း အက်ိဳးခံစားေစခဲ့ၿပီး YouTube ရွိ Dustin Backpacks channel မွတစ္ဆင့္ ၎ရဲ႕CR ပေရာဂ်က္ကိုလည္း မွ်ေဝထားခဲ့ပါတယ္။
ဗီဒီယိုထဲမွာ ဆင္းရဲႏြမ္းပါးတဲ့ Angie အမည္ရွိမိန္းကေလးတစ္ေယာက္ရဲ႕မိသားစုအတြက္ သက္ေတာင့္သက္သာရွိတဲ့အခန္းကို Dustin က တည္ေဆာက္ေပးခဲ့ၿပီး ထိုသက္ေတာင့္သက္သာရွိတဲ့ အခန္းကိုအၿပီးသတ္ရန္အတြက္ php 40, 261 ကိုအသုံးျပဳခဲ့ေၾကာင္း Dustin က ဆိုပါတယ္။
ဗီဒီယိုထဲမွာ Dustin က ထိုမိသားစုရဲ႕အိမ္ေနာက္ဘက္မွာတည္ေဆာက္ထားတဲ့ သက္ေတာင့္သက္သာအခန္းကိုလည္း အေသးစိတ္ျပသခဲ့သလို ၎တို႔ ေကာင္းစြာတပ္ဆင္ထားသည့္ ပိုက္မ်ားႏွင့္ ေရႏုတ္ေျမာင္းမ်ားကိုလည္း ျပသခဲ့ပါတယ္။
ဗီဒီယိုမွာ ေက်ာက္ေဆာင္ဧရိယာမွာ အိမ္သာေဆာက္တဲ့လုပ္ငန္းစဥ္ကိုလည္း ျပသထားပါတယ္။ Angie ရဲ႕CR ပေရာဂ်က္ကို ၿပီးေအာင္ျပဳလုပ္ေဆာင္ၿပီးေနာက္ ၎တို႔ဟာ Dustin ႏွင့္အတူ အစားအေသာက္နဲ႔ အခ်ိဳရည္မ်ားျဖင့္ ဂုဏ္ျပဳပြဲ ျပဳလုပ္ေနတာကိုလည္း ထိုဗီဒီယိုမွာ ေတြ႕ျမင္ႏိုင္ပါတယ္။
ၾကင္နာတဲ့ Dustin ဟာ မိသားစုတစ္စုရဲ႕ ပထမဆုံးေရခဲေသတၱာကိုဝယ္ေပးခဲ့တဲ့အျပင္ ၎တို႔ရဲ႕ BBQ လုပ္ငန္းစဖို႔အတြက္ အေထာက္အပံ့မ်ားလည္း ေပးခဲ့ပါေသးတယ္။ Dustin ဟာ အမ်ိဳးသမီးႏွစ္ဦးတို႔ရဲ႕ အိမ္ေခါင္မိုး၊ သုံးထပ္သား နံရံမ်ားကိုအိမ္ေဆးသုတ္ေပးျခင္းျဖင့္လည္း သက္ေတာင့္သက္သာ ျဖစ္ေစခဲ့ပါတယ္။ Barangay ေက်း႐ြာရွိ လွ်ပ္စစ္မီးမရွိသူမ်ားအတြက္လည္း Dustin က ဆိုလာျပားမ်ားကိုပင္ တပ္ဆင္ေပးခဲ့ပါေသးတယ္။
Leave a Reply