ဆင်းရဲလွန်းလို့ ကိုယ့်အတွက်တောင်မစားရက်ဘဲ သမီးတွေစားသောက်နေကြတာကိုပဲ ထိုင်ကြည့်နေခဲ့တဲ့ ဖခင်

ဆင်းရဲလွန်းလို့ ကိုယ့်အတွက်တောင်မစားရက်ဘဲ သမီးတွေစားသောက်နေကြတာကိုပဲ ထိုင်ကြည့်နေခဲ့တဲ့ ဖခင်

ဖခင်ရဲ့ချစ်ခြင်းမေတ္တာတွေ ဘယ်လောက်နက်ရှိုင်းလည်းဆိုတာကို ဒီတစ်ခေါက်ဖော်ပြမဲ့ဖိလစ်ပိုင်နိုင်ငံက ဖခင်တစ်ဦးက သက်သေပြလိုက်တာပါပဲ ။ ဖြစ်စဉ်ကတော့ သားအဖ 3 ယောက်ဟာ Jollibee ဆိုတဲ့ ကြက်ကြော်ဆိုင်မှာ ဝင်ပြီး စားသောက်နေကြတာပါ ။ ဖခင်ဖြစ်သူကတော့ သူ့အတွက် ငွေမလုံလောက်လို့ သမီးဖြစ်သူတွေစားနေကြတာကိုသာ ထိုင်ကြည့်နေခဲ့တာပါ ။ အဆိုပါအဖြစ်အပျက်ကို Jhunnel Sarajan အမည်ရှိအမျိုးသားတစ်ဦးက ဓာတ်ပုံရိုက်ယူပြီး social media ပေါ်မှာ ဝေမျှထားခဲ့တာပါ ။

Jhunnel ကလည်း အဆိုပါသားအဖ 3 ယောက်နောက် လိုက်ပြီး စုံစမ်းခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူဟာ အသက် 38 နှစ်အရွယ် Arebuabo အမည်ရှိသူပါ ။ လေဖြတ်ဝေဒနာကိုခံစားခဲ့ရပြီး အချိန်အတော်ကြာ အလုပ်မလုပ်ကိုင်နိုင်ခဲ့လို့ ၊ ဆေးရုံက ဆင်းခဲ့ချိန်မှာတော့ ဇနီးဖြစ်သူက သူ့အား ထားရစ်ခဲ့တာပါ ။ ဇနီးဖြစ်သူက တစ်ခါတည်း သမီးနှစ်ယောက်လုံးကိုပါခေါ်ပြီး အိမ်ကနေထွက်ခွာသွားခဲ့တာပါ ။

Arebuabo ရဲ့ညီမဖြစ်သူက လိုက်လံဖြောင်းဖျခဲ့ပေမဲ့လည်း ဇနီးဖြစ်သူက လုံးဝပြန်မလိုက်ပဲ ၊ သမီး 2 ယောက်သာ သူ့နဲ့အတူနေခွင့်ပေးခဲ့ပါတယ် ။ Arebuabo ဟာ 4 ပေ အကျယ်သာရှိတဲ့ အခန်းလေးထဲမှာ သမီး 2ယောက်နဲ့အတူနေထိုင်နေရတာပါ ။ မနက်ခင်ကို 5 နာရီအချိန်ထပြီး အလုပ်လုပ်ကိုင်ရကာ သမီးနှစ်ယောက်ကိုလည်း ကျောင်းပို့ပြီး ပညာသင်ကြားစေလျက်ရှိပါတယ် ။

အခုလို ဓာတ်ပုံတွေကို ဝေမျှရတဲ့ရည်ရွယ်ချက်ကတော့ Arebuabo ဟာ လေဖြတ်ခဲ့သူဖြစ်ပေမဲ့လည်း သမီးနှစ်ယောက်အပေါ် ဖခင်တာဝန်ကျေပွန်လွန်းသူဖြစ်ကြောင်း ဇနီး နဲ့ အခြားသူတွေကိုပါ သိစေချင်လို့ဖြစ်ကြောင်း Jhunnel က ပြောပြသွားခဲ့ပါတယ် ။

Zawgyi

ဆင္းရဲလြန္းလို႔ ကိုယ့္အတြက္ေတာင္မစားရက္ဘဲ သမီးေတြစားေသာက္ေနၾကတာကိုပဲ ထိုင္ၾကည့္ေနခဲ့တဲ့ ဖခင္

ဖခင္ရဲ႕ခ်စ္ျခင္းေမတၱာေတြ ဘယ္ေလာက္နက္ရႈိင္းလည္းဆိုတာကို ဒီတစ္ေခါက္ေဖာ္ျပမဲ့ဖိလစ္ပိုင္ႏိုင္ငံက ဖခင္တစ္ဦးက သက္ေသျပလိုက္တာပါပဲ ။ ျဖစ္စဥ္ကေတာ့ သားအဖ 3 ေယာက္ဟာ Jollibee ဆိုတဲ့ ၾကက္ေၾကာ္ဆိုင္မွာ ဝင္ၿပီး စားေသာက္ေနၾကတာပါ ။ ဖခင္ျဖစ္သူကေတာ့ သူ႔အတြက္ ေငြမလုံေလာက္လို႔ သမီးျဖစ္သူေတြစားေနၾကတာကိုသာ ထိုင္ၾကည့္ေနခဲ့တာပါ ။ အဆိုပါအျဖစ္အပ်က္ကို Jhunnel Sarajan အမည္ရွိအမ်ိဳးသားတစ္ဦးက ဓာတ္ပုံ႐ိုက္ယူၿပီး social media ေပၚမွာ ေဝမွ်ထားခဲ့တာပါ ။

Jhunnel ကလည္း အဆိုပါသားအဖ 3 ေယာက္ေနာက္ လိုက္ၿပီး စုံစမ္းခဲ့ခ်ိန္မွာေတာ့ ဖခင္ျဖစ္သူဟာ အသက္ 38 ႏွစ္အ႐ြယ္ Arebuabo အမည္ရွိသူပါ ။ ေလျဖတ္ေဝဒနာကိုခံစားခဲ့ရၿပီး အခ်ိန္အေတာ္ၾကာ အလုပ္မလုပ္ကိုင္ႏိုင္ခဲ့လို႔ ၊ ေဆး႐ုံက ဆင္းခဲ့ခ်ိန္မွာေတာ့ ဇနီးျဖစ္သူက သူ႔အား ထားရစ္ခဲ့တာပါ ။ ဇနီးျဖစ္သူက တစ္ခါတည္း သမီးႏွစ္ေယာက္လုံးကိုပါေခၚၿပီး အိမ္ကေနထြက္ခြာသြားခဲ့တာပါ ။

Arebuabo ရဲ႕ညီမျဖစ္သူက လိုက္လံေျဖာင္းဖ်ခဲ့ေပမဲ့လည္း ဇနီးျဖစ္သူက လုံးဝျပန္မလိုက္ပဲ ၊ သမီး 2 ေယာက္သာ သူ႔နဲ႔အတူေနခြင့္ေပးခဲ့ပါတယ္ ။ Arebuabo ဟာ 4 ေပ အက်ယ္သာရွိတဲ့ အခန္းေလးထဲမွာ သမီး 2ေယာက္နဲ႔အတူေနထိုင္ေနရတာပါ ။ မနက္ခင္ကို 5 နာရီအခ်ိန္ထၿပီး အလုပ္လုပ္ကိုင္ရကာ သမီးႏွစ္ေယာက္ကိုလည္း ေက်ာင္းပို႔ၿပီး ပညာသင္ၾကားေစလ်က္ရွိပါတယ္ ။

အခုလို ဓာတ္ပုံေတြကို ေဝမွ်ရတဲ့ရည္႐ြယ္ခ်က္ကေတာ့ Arebuabo ဟာ ေလျဖတ္ခဲ့သူျဖစ္ေပမဲ့လည္း သမီးႏွစ္ေယာက္အေပၚ ဖခင္တာဝန္ေက်ပြန္လြန္းသူျဖစ္ေၾကာင္း ဇနီး နဲ႔ အျခားသူေတြကိုပါ သိေစခ်င္လို႔ျဖစ္ေၾကာင္း Jhunnel က ေျပာျပသြားခဲ့ပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*