
ဆင်းရဲတာကြောင့် နှစ်ပေါင်း ၈၀ အကြာ ပျော်ရွှင်စွာ လက်ထပ်ပြီးတဲ့နောက်မှသာ ပထမဆုံးမင်္ဂလာဆောင်ဓာတ်ပုံကို ရိုက်ခွင့်ရခဲ့တဲ့ သက်ကြီးဇနီးမောင်နှံနှစ်ဦး
သင့်ကိုအမြဲချစ်ပြီး ဒုက္ခမပေးတက်တဲ့ ခင်ပွန်းတစ်ဦးကို ပိုင်ဆိုင်ထားရင် သင်ဟာ နှစ်ပေါင်း ၈၀ အကြာလက်ထပ်ခဲ့တဲ့ ဒီဇနီးမောင်နှံလို ပျော်ရွှင်တဲ့အိမ်ထောင်ရေးဘဝကို ရရှိမယ်ဆိုတာသေချာပါတယ် ။ တရုတ်နိုင်ငံ၊ Anhui ပြည်နယ်မှ အသက် ၁၀၃ နှစ်ရှိပြီဖြစ်တဲ့ Song Qinglin အမည်ရှိ ခင်ပွန်းသည်တစ်ဦးက ဆယ်စုနှစ်ပေါင်းများစွာ အိမ်ထောင်ကျခဲ့ပြီး သူနဲ့ သူရဲ့ဇနီးအပေါ်ထားရှိတဲ့ သူတို့ရဲ့ချစ်ခြင်းမေတ္တာဟာ အိမ်ထောင်သည်မောင်နှံအားလုံးကို မနာလိုမှုဖြစ်စေမိမှာအမှန်ပါ ။
Song Qinglin ဟာ ဇနီးဖြစ်သူရဲ့လက်ကို ကိုင်ပြီး သူတို့နှစ်ဦး နေ့စဉ်လမ်းလျှောက်ထွက်လေ့ရှိပါတယ် ။ အခုချိန်မှာ သူတို့ဟာ အလွန်အိုမင်းပြီး လမ်းလျှောက်နိုင်ခြင်းမရှိသော်လည်း သူတို့ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်အဖြစ် နှစ်သက်ကြပါတယ် ။Qinglin က ဆင်းရဲတဲ့ပြည်နယ်မှာ နေထိုင်စဉ်တုန်းက သူတို့နှစ်ယောက်စလုံး လက်ထပ်ခဲ့ပါတယ် ။ သူတို့လက်ထပ်ထိမ်းမြားတဲ့အခါ သူရဲ့လှပတဲ့ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့ သူ့မှာငွေမရှိခဲ့ပါဘူး ။
ထို့အပြင် သူရဲ့ မင်္ဂလာဆောင်ညစာကလည်း ဟင်းသီးဟင်းရွက် ဟင်းပွဲ ၃ ပွဲနဲ့ ပွဲငယ်တစ်ခုသာကျင်းပခဲ့ရတာပါ ။ သူက အရမ်းဆင်းရဲနေပေမဲ့ သူတို့နှစ်ယောက်စလုံး ပျော်ရွှင်စွာ လက်ထပ်ကြပါတယ် ။ Qinglin က သူနဲ့အတူ နှလုံးသားနဲ့ရင်းပြီး နှစ်ပေါင်း ၈၀ ကြာအောင် ပေါင်းလာတဲ့ ဇနီးသည်အတွက် သူတို့လင်မယာနှစ်ဦးရဲ့ မင်္ဂလာဆောင်ဓာတ်ပုံကို သူလိုချင်ခဲ့ပါတယ် ။ အခုတော့သူတို့ရဲ့ကလေးတွေအားလုံးကြီးပြင်းလာတာ နဲ့ အမျှ သူဟာ မင်္ဂလာဆောင်ဓာတ်ပုံမရိုက်ခဲ့ရတာကို နောင်တရ ချင်လာခဲ့ပါတယ် ။
ဒေသခံပြည်သူတွေက သူနောင်တရပြီးနောက် သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းရန် စေတနာ့ဝန်ထမ်းများစွာက လာရောက်ကူညီခဲ့ကြပါတယ် ။Qinglin က လှပတဲ့အဖြူရောင် မင်္ဂလာဆောင်ဂါဝန်နဲ့ သူ့ရဲ့ဇနီးကို တွေ့တော့ သူအလွန်ထိမိခဲ့ပြီး သူက “ ဒီနှစ်တစ်လျှောက်လုံး…။ သူမအပေါ် ငါအများကြီးအကြွေးတင်ခဲ့တယ် ။ သူမရဲ့ မျက်နှာတွေ တွန့်နေပါစေ၊ ဆံပင်တွေဖြူနေပါစေ ကျွန်တော်ကတော့ သူမရဲ့လက်ကိုကိုင်ထားပြီး ကျန်ရှိသေးတဲ့ဘဝကို အတူတူလျှောက်မယ် ”လို့ Qinglin က မျက်ရည်တွေကျပြီး ပြောဆိုခဲ့ပါတယ် ။
Zawgyi
ဆင္းရဲတာေၾကာင့္ ႏွစ္ေပါင္း ၈၀ အၾကာ ေပ်ာ္႐ႊင္စြာ လက္ထပ္ၿပီးတဲ့ေနာက္မွသာ ပထမဆုံးမဂၤလာေဆာင္ဓာတ္ပုံကို ႐ိုက္ခြင့္ရခဲ့တဲ့ သက္ႀကီးဇနီးေမာင္ႏွံႏွစ္ဦး
သင့္ကိုအၿမဲခ်စ္ၿပီး ဒုကၡမေပးတက္တဲ့ ခင္ပြန္းတစ္ဦးကို ပိုင္ဆိုင္ထားရင္ သင္ဟာ ႏွစ္ေပါင္း ၈၀ အၾကာလက္ထပ္ခဲ့တဲ့ ဒီဇနီးေမာင္ႏွံလို ေပ်ာ္႐ႊင္တဲ့အိမ္ေထာင္ေရးဘဝကို ရရွိမယ္ဆိုတာေသခ်ာပါတယ္ ။ တ႐ုတ္ႏိုင္ငံ၊ Anhui ျပည္နယ္မွ အသက္ ၁၀၃ ႏွစ္ရွိၿပီျဖစ္တဲ့ Song Qinglin အမည္ရွိ ခင္ပြန္းသည္တစ္ဦးက ဆယ္စုႏွစ္ေပါင္းမ်ားစြာ အိမ္ေထာင္က်ခဲ့ၿပီး သူနဲ႔ သူရဲ႕ဇနီးအေပၚထားရွိတဲ့ သူတို႔ရဲ႕ခ်စ္ျခင္းေမတၱာဟာ အိမ္ေထာင္သည္ေမာင္ႏွံအားလုံးကို မနာလိုမႈျဖစ္ေစမိမွာအမွန္ပါ ။
Song Qinglin ဟာ ဇနီးျဖစ္သူရဲ႕လက္ကို ကိုင္ၿပီး သူတို႔ႏွစ္ဦး ေန႔စဥ္လမ္းေလွ်ာက္ထြက္ေလ့ရွိပါတယ္ ။ အခုခ်ိန္မွာ သူတို႔ဟာ အလြန္အိုမင္းၿပီး လမ္းေလွ်ာက္ႏိုင္ျခင္းမရွိေသာ္လည္း သူတို႔ရဲ႕ ေန႔စဥ္လုပ္႐ိုးလုပ္စဥ္အျဖစ္ ႏွစ္သက္ၾကပါတယ္ ။Qinglin က ဆင္းရဲတဲ့ျပည္နယ္မွာ ေနထိုင္စဥ္တုန္းက သူတို႔ႏွစ္ေယာက္စလုံး လက္ထပ္ခဲ့ပါတယ္ ။ သူတို႔လက္ထပ္ထိမ္းျမားတဲ့အခါ သူရဲ႕လွပတဲ့ မဂၤလာေဆာင္ဓာတ္ပုံ႐ိုက္ဖို႔ သူ႔မွာေငြမရွိခဲ့ပါဘူး ။
ထို႔အျပင္ သူရဲ႕ မဂၤလာေဆာင္ညစာကလည္း ဟင္းသီးဟင္း႐ြက္ ဟင္းပြဲ ၃ ပြဲနဲ႔ ပြဲငယ္တစ္ခုသာက်င္းပခဲ့ရတာပါ ။ သူက အရမ္းဆင္းရဲေနေပမဲ့ သူတို႔ႏွစ္ေယာက္စလုံး ေပ်ာ္႐ႊင္စြာ လက္ထပ္ၾကပါတယ္ ။ Qinglin က သူနဲ႔အတူ ႏွလုံးသားနဲ႔ရင္းၿပီး ႏွစ္ေပါင္း ၈၀ ၾကာေအာင္ ေပါင္းလာတဲ့ ဇနီးသည္အတြက္ သူတို႔လင္မယာႏွစ္ဦးရဲ႕ မဂၤလာေဆာင္ဓာတ္ပုံကို သူလိုခ်င္ခဲ့ပါတယ္ ။ အခုေတာ့သူတို႔ရဲ႕ကေလးေတြအားလုံးႀကီးျပင္းလာတာ နဲ႔ အမွ် သူဟာ မဂၤလာေဆာင္ဓာတ္ပုံမ႐ိုက္ခဲ့ရတာကို ေနာင္တရ ခ်င္လာခဲ့ပါတယ္ ။
ေဒသခံျပည္သူေတြက သူေနာင္တရၿပီးေနာက္ သူ႔ရဲ႕ ဆႏၵကို ျဖည့္ဆည္းရန္ ေစတနာ့ဝန္ထမ္းမ်ားစြာက လာေရာက္ကူညီခဲ့ၾကပါတယ္ ။Qinglin က လွပတဲ့အျဖဴေရာင္ မဂၤလာေဆာင္ဂါဝန္နဲ႔ သူ႔ရဲ႕ဇနီးကို ေတြ႕ေတာ့ သူအလြန္ထိမိခဲ့ၿပီး သူက “ ဒီႏွစ္တစ္ေလွ်ာက္လုံး…။ သူမအေပၚ ငါအမ်ားႀကီးအေႂကြးတင္ခဲ့တယ္ ။ သူမရဲ႕ မ်က္ႏွာေတြ တြန္႔ေနပါေစ၊ ဆံပင္ေတြျဖဴေနပါေစ ကြၽန္ေတာ္ကေတာ့ သူမရဲ႕လက္ကိုကိုင္ထားၿပီး က်န္ရွိေသးတဲ့ဘဝကို အတူတူေလွ်ာက္မယ္ ”လို႔ Qinglin က မ်က္ရည္ေတြက်ၿပီး ေျပာဆိုခဲ့ပါတယ္ ။
Leave a Reply