
ဆက်ပြီးရပ်တည်ဖို့ အခက်တွေ့နေကြတဲ့ စားသောက်ဆိုင်တွေကို ပိုက်ဆံအမြောက်အများလိုက်ပြီး ဝေမျှပေးခဲ့တဲ့ အမျိုးသား (ရုပ်သံ)
အသေးစားစီးပွားရေးကိုသာပြုလုပ်ဆောင်နေတဲ့ Vlogger တစ်ဦးဟာ သူကြိုက်နှစ်သက်တဲ့ စားသောက်ဆိုင် ၅ ဆိုင်ကိုရွေးပြီး ဒေါ်လာ ၁၀၀၀ ဆီ ကူညီပေးရန် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ Arieh Smith လို့ခေါ်ပြီး YouTube ပေါ်မှာ Xiaomanyc လို့ သိကြတာပါ။ သူဟာ တရုတ်မြို့ပတ်ပတ်လည်တွေမှာ ကောင်းမွန်သောအရာတွေလုပ်ဆောင်ပြီး Netizen တွေကို ကြည်နူးဖွယ်ကောင်းတဲ့ ဗီဒီယိုလေးနဲ့ ဆွဲဆောင်ခဲ့ပါတယ်။
”ကျွန်တော့်ဆီမာ ၅ဒေါ်လာ ရှိပါတယ်။စားသောက်ဆိုင် ၅ဆိုင်ကို သွားပြီးတော့ တစ်ဆိုင်ဆီကို ‘hongbao’လေးနဲ့ ၁ဒေါ်လာဆီ အလှူပေးမာဖြစ်ပါတယ်”လို့ Arieh က ပြောခဲ့ပါတယ်။သူဗီဒီယိုရိုက်နေတဲ့အတောအတွင်းမှာ တရုတ်နှစ်သစ်ကူးပွဲနဲ့ တိုက်ဆိုင်သွားတာကြောင့် အခွင့်အခါကောင်းတစ်ခုဘဲဖြစ်ပါတယ်။Arieh က သူတို့တွေကို ပိုက်ဆံပေးလိုက်တဲ့အခါမှာ အများစုက ထိတ်လန့်အံ့သြခဲ့ကြပြီး တစ်ချို့ဆို ပိုက်ဆံပမာဏကိုမြင်ပြီး ပြန်ပေးဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။
“ဒီလောက်များတဲ့ပမာဏကို လက်မခံပါရစေနဲ့”ဆိုပြီး ဆိုင်ရှင်တစ်ဦးကပြောဆိုခဲ့ပ်တယ် ။”အကယ်လို့ ဒီပိုက်ဆံကိုလက်မခံရင် ခင်ဗျားရဲ့ အလုပ်သားတွေကိုဘဲ ပေးလိုက်ပါ ” လို့ Arieh ဆိုတဲ့ Volgger တစ်ဦးက ပြန်ပြောလိုက်ပါတယ်။သူ့ရဲ့ ဗီဒီယိုဖိုင်ဟာ Netizen တွေရဲ့ နှးလုံးသားကို နွေးထွေးစေခဲ့တာကြောင့် ကောင်းသောမှတ်ချက်လေးတွေ ပေးနေကြပါတယ်။
Zawgyi
Leave a Reply