
ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတင်ဆက်ပေးမှာကတော့ ဘဘာဝကြီးက ဖန်တီးပေးထားတဲ့ လူသားတွေကို အကျိုးပြုသော ပင်လယ်နေသတ္တဝါလေးများဆုံး တဖြည်းဖြည်းလျော့နည်းလာရတဲ့ အကြောင်းဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ရေနေသတ္တဝါလေးတွေဖြစ်တဲ့ ပင်လယ်ဖျံ၊ဝေလငါး ၊ လင်းပိုင်စတဲ့ သတ္တဝါလေးတွေရဲ့ အူမထဲမှာ microplastic အများအပြားတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
အဏ္ဏဝါဓာတ်ခွဲခန်းများရှိရာ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Plymouth Marine Laboratory (PML) တွင်လည်း သေနေသော လင်းပိုင်၊ ဖျံနှင့်ဝေလငါး၏ မျိုးစိတ်ပေါင်း ၁၀မျိုးကို အပိုင်းပိုင်းဖြတ်ပြီး တစ်ဦးချင်းစီလေ့လာထားတဲ့စီမံကိန်းကိုလည်းတိုးတက်အောင်ပူပေါင်းလုပ်ဆောင်နေပြီဖြစ်ပါတယ်။
ထိုအစိတ်အပိုင်းတွေထဲမှ ဒြပ်အမျှင် (လူလုပ်ချည်မျှင်နှင့်အထည်နှင့်ပိတ်ထည်) ပါဝင်မှုတွေက ၈၄ရာခိုင်နှုန်းရှိတယ်လို့ စီရင်ခံချက်တွေအရ သိရတာဖြစ်ပါတယ်။ ကျန်ရှိသော ၁၆ ရာခိုင်နှုန်းမှာ ထိုကဲ့သို့လူတို့စွန့်ပစ်တဲ့ အစားအစာထုပ်ပိုးများနှင့် ပုလင်းအဖြစ်ပြုလုပ်ထားသော ပလပ်စတစ်အပိုင်းအစ အမျိုးမျိုးတွေပဲဖြစ်ပါတယ်။
မကြာသေးမီကပင် အမေရိကန်ပြည်ထောင်စုရှိ researchers တစ်ဦးဟာဆိုရင်လည်း ဗြိတိန်နိုင်ငံ ကမ်းခြေတစ်လျှောက်တွင် အဏ္ဏဝါနို့တိုက်သတ္တဝါများကို ဆန်းစစ်လေ့လာရာတွင် တစ်ချိန်မဟုတ်တစ်ချိန်မှာလည်း ပုံစံအမျိုးမျိုးရှိတဲ့ ပလက်စတစ်တွေ မျိုချမိဖို့ စိုးရိမ်စရာအခြေအနေ ရှိတယ်လို့လည်းဆိုခဲ့တာဖြစ်ပါတယ်။
Leave a Reply