စုံထောက်တွေကိုယ်တိုင် ခက်ခက်ခဲခဲ ဖမ်းခဲ့ရတဲ့ အသက်၇၄နှစ်အရွယ် နင်ဂျာအဘိုးအို

၂၀၁၇ ခုနှစ်လောက်တုန်းက ဂျပန်နိုင်ငံမှာ လူတွေကြားထဲ ဟိုးလေးတကျော် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုရှိခဲ့ပါတယ်။ ဘယ်လောက်တောင် နာမည်ကြီးသွားသလဲဆိုရင် နိုင်ငံတကာက မီဒီယာတွေမှာတောင် ဖော်ပြခြင်းခံခဲ့ရတဲ့ အဆင့်အထိပါပဲ။

ဖြစ်စဉ်ကတော့ အသက် ၇၄နှစ်အရွံယ် ဂျပန်အဘိုးအို နင်ဂျာပုံစံလို ဝတ်စားဆင်ယင်ထားပြီး အိမ်တွေကို လိုက်ဖောက်ထွင်းခဲ့တာပဲ ဖြစ်ပါတယ်။ အခြားအသက်ကြီး အဘိုးအိုတွေလိုမျိုးမဟုတ်ပဲ အခုလို ထူးထူးဆန်းဆန်းတွေ လုပ်ပြသွားတဲ့ နင်ဂျာအဘိုးအို ရဲ့ လုပ်ရပ်ကတော့ တစ်ကယ့်ကို အံ့သြ သွားရလောက်ပါတယ်။သူ့ကိုယ်သူ ” Ninja of Heisei ” လို့အမည်ပေးထားတဲ့ အဘိုးအိုဟာ အိမ်ပေါင်း ၂၅၀ကို ဖောက်ထွင်းခဲ့ပီး အတွင်းပစ္စည်းတွေကို ခိုးယူခဲ့တာပဲ ဖြစ်ပါတယ်။

သူခိုးယူခဲ့တဲ့ ပစ္စည်းတန်ဖိုးတွေကို တွက်ကြည့်လိုက်တဲ့အခါမှာ အမေရိကန်ဒေါ်လာ ၃သိန်းနီးပါးတောင် ရှိပါတယ်။ ဒါပေမယ့်လည်း ဘယ်လောက်ပဲ နင်ဂျာအစွမ်းနဲ့ အိမ်တိုင်းလိုက်ဖောက်ထွင်းနိုင်တဲ့ အဘိုးအိုဟာ တာဝန်ရှိရဲအာရှိတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အာ့ဒီမတိုင်အချိန်ထိ ရဲဌာနကို အိမ်ဖောက်ထွင်းခံရတဲ့အကြောင်း တိုင်စာတွေ ဆက်တိုက်ဆိုသလို ရောက်လာခဲ့ပြီး ရဲအရာရှိတွေ ကိုယ်တိုင်လည်း အတော်လေးကို ခေါင်းစားခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ ဒီအမှုကို စုံထောက်တွေ ကိုယ်တိုင်လိုက်ခဲ့ပြီး CCTV မှတ်တမ်းကနေ တဆင့် အိမ်ဖောက်ထွင်းပြီး ဝတ်စုံလဲနေတဲ့ အဘိုးအိုရဲ့ မျက်နှာပုံရိပ်ကို မှတ်တမ်းကနေဆင့် ဖမ်းမိသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကေမယ့်လည်း အဘိုးအို ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် လူတိုင်းအံ့သြမှင်တက်သွားစေခဲ့ရပါတယ်။ ရဲဌာနမှာ ဖြောင့်ချက်ယူပြီး သူပြောခဲ့တဲ့ စကားကတော့ ” တစ်ကယ်လို့ ငါသာ အသက်ငယ်သေးခဲ့ရင် အခုလိုတောင် အဖမ်းခံရမှာ မဟုတ်ပါဘူးတဲ့ ” ပရိသတ်ကြီး ရေ…..

Be the first to comment

Leave a Reply

Your email address will not be published.


*