စုတ်ပြတ်နေတဲ့လမ်းဘေးကြောင်ဘဝကနေ၊ကြောင်မင်းသမီးလေးအဖြစ်ဇိမ်ခံရတဲ့ဘဝရောက်သွားခဲ့တဲ့ကြောင်မလေး

ကံကိုလူမမြင်ဆိုသည့်အတိုင်း၊တိရိစ္ဆာန်လေးတွေမှာလဲကံရှိတယ်ဆိုတာကို၊ယခုလမ်းဘေးကြောင်လေးကသက်သေပြလိုက်သလိုပါပဲ။ဒီတစ်ခေါက်မှာတော့မလေးရှားနိုင်ငံကလမ်းဘေးကြောင်လေးက တော့၊သခင်ကောင်းနဲ့တွေ့ခဲ့တဲ့အတွက်ကြောင့်ကံအရမ်းကောင်းခဲ့ပါတယ်။၎င်းရဲ့ ပြောင်းလဲသွားတဲ့ပုံလေးတွေကိုတော့သခင်ဖြစ်သူက၊onlineမှာမျှဝေလိုက်တဲ့အခါမှာတော့လူတော်တော်များများအံ့သြခဲ့ရပါတယ်။

အကြောင်းကတော့၊မလေးရှားနိုင်ငံရဲ့လမ်းဘေးတစ်နေရာမှာကပ်ထူဖာလေးနဲ့စွန့်ပစ်ခံထားရတဲ့လမ်းဘေးကြောင်တစ်ကောင်ကို၊Nur Hamizahဆိုတဲ့အမျိုးသမီးကကောက်ယူမွေးစားခဲ့ပါတယ်။ထိုကြောင်လေးကိုMeiMeiလို့အမည်ပေးထားပါတယ်။

MeiMeiကိုစတွေ့တုန်းကအရမ်းညစ်ပတ်ပေတူးနေပီး၊အမွေးမျှင်မရှိသလောက်ဖြစ်နေခဲ့ပါတယ်။ထို့ပြင်နေမကောင်းတဲ့ပုံစံဖြစ်နေတာကြောင့်Nur Hamizuhကကောက်ယူမွေးစားလိုက်ပါတယ်။

ထို့နောက်အိမ်ခေါ်ပြန်လာပီး၊MeiMeiလေးကိုငွေကြေးအကုန်ကျခံပီးဆေးကုပေးခဲ့ပါတယ်။တနှစ်ပြည့်ခါနီးအထိကုသပေးပီးတဲ့အခါမှာတေ့ာ၊အရမ်းကိုချစ်ရာကောင်းတဲ့ကြောင်လေးအသွင်ပြောင်းသွားခဲ့တာကြောင့်၊၎င်းကြောင်လေးရဲ့ယူလာစပုံနဲ့၊ယခုလိုပြောင်းလဲသွားပုံကိုပိုစ့်တင်ပီးမျှဝေခဲ့တဲ့အခါမှာတော့၊မည်သူမျှမယုံချင်ကြပါဘူးလို့ဆိုပါတယ်။

သို့ပေမဲ့လဲMeiMeiဟာယခုအခါမှာတော့ကျန်းမာရေးလဲကောင်းပီး၊ချစ်စရာကောင်းတဲ့ပုံစံလေးပိုင်ဆိုင်ထားပီဖြစ်ပီး၊သခင်ကောင်းကြောင့်အစားကောင်းစားပီးဇိမ်ကျနေပါပီ။MeiMeiဟာKFCကြက်ကြော်ကိုအလွန်နှစ်သက်ပီး၊ကြောင်စာအကောင်းစားများကိုလဲနေ့စဉ်စားနေပါပီလို့ဆိုပါတယ်။

#6

#7

#8

#9

#10

#11

#12

#13

 

Be the first to comment

Leave a Reply

Your email address will not be published.


*