စုဆောင်းထားသမျှချွေးနဲစာတွေနဲ့ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကိုကျောင်းတက်နိုင်အောင်ကူညီခဲ့တဲ့အမှိုက်ကောက်ဦးလေးကြီး

Zhao Yongjiu လို့ခေါ်တဲ့သူဟာ တရုတ်ပြည်၊Shenyangမြို့ရဲ့လမ်းမတွေပေါ်မှာ အမှိုက်လိုက်ကောက်တဲ့ သန့်ရှင်းရေးဦးလေးကြီး ဖြစ်ပါတယ်။ သူဘဝတစ်လျှောက်၄င်းအလုပ်ကိုလုပ်ကိုင်လာရင်း နှစ်ပေါင်း(၃၀) သက်တမ်းရှိလာတဲ့အချိနမှာတော့ ဆင်းရဲနွမ်းပါးပြီး ကျောင်းမတက်နိုင်တဲ့ ကလေးငယ်ပေါင်း(၃၇)ကို ကျောင်းတက်နိုင်အောင် ကူညီလာနိုင်ခဲ့ပတယ်။

အသက်(၅၆)နှစ်ရှိပြီဖြစ်တဲ့ သူဟာ မနက်(၄)နာရီခွဲကနေပြီးတော့ ည(၉)နာရီအထိတိုင်အောင် လမ်းမတွေပေါ်မှာ သန့်ရှင်းရေးအလုပ်နှစ်မျိုးကိုလုပ်ကိုင်ရင်းသူ့ရဲ့တစ်နေ့တာကိုပြီးဆုံးစေသူဖြစ်ပါတယ်။သူရဲ့နည်းပါးလှတဲ့ချွေးနဲစာလေးတွေ စုထားခဲ့ကာ တရုတ်ငွေ(၁၇၀၀၀၀)ယွမ်(ဒေါ်လာ ၂၄၇၅၀)ကို ရရှိတဲ့အချိန်မှာတော့ သူ့ရဲ့မြို့ထဲမှာနေထိုင်တဲ့ ဆင်းရဲနွမ်းပါးတဲ့ကလေးအချို့ကိုကျောင်းတက်နိုင်အောင် ကူညီပေးဖို့ပြင်ဆင်ခဲ့ပါတယ်။

သို့သော် ငွေပမာဏဟာ လုံလောက်မှု့မရှိခဲ့တာကြောင့် သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းအချို့ကိုပါရောင်းချပြီး ထပ်မံစုဆောင်းခဲ့ရပါတယ်။ သူဒီလိုကူညီရတဲ့အကြောင်းကတော့ Zhao ဟာ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူသေဆုံးသွားခဲ့တာကြောင့် မိခင်ဖြစ်သူနဲ့ ဆင်းရဲဒုက္ခရောက်နေချိန် အိမ်နီးနားချင်း သူငယ်ချင်းများက ကူညီဖေးမခဲ့တာကို မမေ့နိုင်တာကြောင့် သူအသက်ရှင်နေချိန်ကာလအတွင်း အခြားသောသူတွေကို အတက်နိုင်ဆုံး ကူညီသွားမယ်လို့ ဆုံးဖြတ်ချက်ချထားတာကြောင့်ဖြစ်ပါတယ်တဲ့။

ရဲ့လူသားချင်းစာနာစွာကူညီနိုင်မှု့တွေဟာ ဆိုရှယ်စာမျက်နှာတွေပေါ်ကို ရောက်လာတဲ့အခါမှာတော့အင်တာနက်သုံးစွဲသူတွေရဲ့နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။  “သူရဲ့လုပ်အားခကတစ်နာရီကိုတစ်ဒေါ်လာတောင်မရှိပါဘူး။ဒါနဲ့တောင်မှ သူကတခြားသူတွေကိုကူညီဖို့ ဘယ်လိုများကြိုးစားစုဆောင်းခဲ့ပါလိမ့်”
“သူအခု ကလေး (၃၇)ယောက်ကို ပေးဆပ်ခဲ့ပါတယ်။

နောင်တချိန်အဲ့ဒီကလေးတွေထဲကအကုန်မဟုတ်ရင်တောင်တစ်ယောက်လောက်ဘဲဖြစ်ဖြစ် ဒီလူကြီးရဲ့ကျေးဇူးကို သိတက်ပြီး ပြန်လည် ကျေးဇူးဆပ်လိမ့်မယ်လို့ မျှော်လင့်မိတယ်။ဆုလည်းတောင်းပေးပါတယ်” လို့အင်တာနက်သုံးစွဲသူတွေအချို့ကမှတ်ချက်ပေးခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*