စိတ်ဖိစီးမှုကင်းမဲ့ပြီး အေးချမ်းတဲ့နေရာတွေကို နေထိုင်ချင်လို့ ဖုန်း၊အင်တာနက်မရှိတဲ့ တောထဲမှာ ၈ နှစ်အကြာနေထိုင်ခဲ့တဲ့ ဇနီးမောင်နှံနှစ်ဦး (ရုပ်သံ)

စိတ်ဖိစီးမှုကင်းမဲ့ပြီး အေးချမ်းတဲ့နေရာတွေကို နေထိုင်ချင်လို့ ဖုန်း၊အင်တာနက်မရှိတဲ့ တောထဲမှာ ၈ နှစ်အကြာနေထိုင်ခဲ့တဲ့ ဇနီးမောင်နှံနှစ်ဦး (ရုပ်သံ)

မြို့ပြဘဝဟာ ယှဉ်ပြိုင်မှုတွေ နဲ့ စိတ်ဖိစီးမှုတွေသာ ပြည့်နှက်နေတာပါ ။ လူတော်တော်များများက သုခဘုံလို နေရာတစ်ခုကိုရှာပြီး စိတ်ရှုပ်ထွေးနေတဲ့မြို့ပြဘဝကနေ ဝေးဝေးနေဖို့ အိပ်မက်မက်ကြပါတယ် ။ အသက် ၃၄နှစ်အရွယ် Miriam Lancewood လို့ခေါ်တဲ့ အမျိုးသမီးဟာ မူလက Netherlands မှာနေပြီး သူမရဲ့ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ခင်ပွန်း Peter နဲ့အတူ New Zealand က တောထဲမှာ နေရန် ဆုံးဖြတ်ခဲ့ပါတယ် ။ Miriam တို့နှစ်ဦးက လိုအပ်တဲ့ အဝတ်အထည်အနည်းငယ်ကိုသာယူပြီး အရာအားလုံးကို ချန်ထားခဲ့ပါတယ် ။

သူတို့အဝတ်အစားများအပြင် ၈၅ ကီလိုဂရမ် ရှိတဲ့ နို့၊ ဂျုံမှုန့် ၊ဆန်၊ဟင်းသီးဟင်းရွက် နဲ့ ပျားရည်းပါဝင်အိတ်ကို ထုပ်ပိုးသွားခဲ့ပါတယ် ။ သူတို့ဇနီးမောင်နှံက ဖုန်း၊ ရေခဲသေတ္တာ၊ အင်တာနက်၊ နာရီနဲ့ အိမ်သာသုံးစရာမလိုဘဲ တောထဲမှာအစာရှာခြင်းဖြင့် နေထိုင်ကြတာပါ ။ Miriam တို့မှာ ခေါင်းလျှော်ရည်မှအပ၊ သူတို့မှာလည်း သွားတိုက်ဆေးနဲ့ သွားတိုက်တံမရှိကြပါဘူး ။

Miriam က နေ့စဉ်သွားတိုက်ရန် မီးသွေးပြာကို သုံးပါတယ် ။ ယခင်က Miriam ဟာ ကာယပညာသင်ကြားပေးသူဖြစ်ခဲ့တာကြောင့် သူမခံနိုင်ရည်ရှိတာက အဆန်းမဟုတ်ပါဘူး ။ သူမရဲ့ ခင်ပွန်းဟာလည်းအသက် ၆၄ နှစ်ရှိသော်လည်း သူရဲ့ ကျန်းမာရေးက အတော်လေးကောင်းမွန်နေပါတယ် ။

သူတို့ရဲ့အစားအစာအတွက် အမဲလိုက်ရန် ရိုင်ဖယ်သေနတ်ကို ‌အသုံးပြုတဲ့အပြင် Miriam ကလည်း မြှားများကိုအသုံးပြုပါတယ် ။ သူမဟာ အရင်ကသက်သတ်လွတ်စားခဲ့သူဖြစ်သော်လည်း တောမှာ ရှင်သန်ရန် သူမက အမဲလိုက်စားရပါတယ် ။ Miriam ကဆိတ်ကို ပထမဆုံးအကြိမ်ပစ်ခတ်ပြီးနောက် တစ်ချိန်တည်းမှာပင် သူမက မိမိကိုယ်ကိုဂုဏ်ယူခဲ့ပါတယ် ။

တီဗီအစီအစဉ်တစ်ခုနဲ့ အင်တာဗျူးတစ်ခုမှာ Miriam က တောထဲမှာ နေထိုင်တဲ့ သူမတို့ရဲ့ နေ့စဉ်ဘဝကို ဖော်ပြခဲ့ပါတယ် ။ သူတို့မှာနာရီမရှိတဲ့အတွက် အချိန်အတိအကျမသိရပါဘူး ။ သူတို့က နေထွက်ချိန်မှာသာအလုပ်လုပ်ပြီး နေဝင်ချိန်တွေမှာ အနားယူကြပါတယ် ။

နေထွက်ပြီးနောက် သူတို့က ထင်းရှာပြီး မီးမွေးကာ ၊ လက်ဖက်ရည်ဖျော်ပြီး မနက်စာစား၊ ပြီးတာနဲ့ အမဲလိုက်ကြပါတယ် ။ ဆောင်းရာသီညက ရှည်လျားတဲ့အခါ ၁၃ နာရီ၊ ၁၄ နာရီအထိ အိပ်စက်ရပါတယ် ။

ရာသီဥတုဆိုးတဲ့အခါတွေဆိုရင် တဲထဲမှာသာနေပါတယ် ။ ခေတ်သစ်လူငယ်တို့အတွက် တောဘဝက အလွန်ခက်ခဲပုံရသော်လည်း ထိုစုံတွဲက ၎င်းတို့ရဲ့ဘဝပုံစံကို နှစ်သက်ကြတာပါ ။ ဘဝက ခက်ခဲပေမယ့်လည်း Miriam က ခေတ်သစ်ယဉ်ကျေးမှုကနေ လွတ်မြောက်ရတာဟာ အရမ်းကိုကောင်းပါတယ်လို့ ဆိုပါတယ် ။

Zawgyi

စိတ္ဖိစီးမႈကင္းမဲ့ၿပီး ေအးခ်မ္းတဲ့ေနရာေတြကို ေနထိုင္ခ်င္လို႔ ဖုန္း၊အင္တာနက္မရွိတဲ့ ေတာထဲမွာ ၈ ႏွစ္အၾကာေနထိုင္ခဲ့တဲ့ ဇနီးေမာင္ႏွံႏွစ္ဦး (႐ုပ္သံ)

ၿမိဳ႕ျပဘဝဟာ ယွဥ္ၿပိဳင္မႈေတြ နဲ႔ စိတ္ဖိစီးမႈေတြသာ ျပည့္ႏွက္ေနတာပါ ။ လူေတာ္ေတာ္မ်ားမ်ားက သုခဘုံလို ေနရာတစ္ခုကိုရွာၿပီး စိတ္ရႈပ္ေထြးေနတဲ့ၿမိဳ႕ျပဘဝကေန ေဝးေဝးေနဖို႔ အိပ္မက္မက္ၾကပါတယ္ ။ အသက္ ၃၄ႏွစ္အ႐ြယ္ Miriam Lancewood လို႔ေခၚတဲ့ အမ်ိဳးသမီးဟာ မူလက Netherlands မွာေနၿပီး သူမရဲ႕ အသက္ ၆၄ ႏွစ္ရွိၿပီျဖစ္တဲ့ခင္ပြန္း Peter နဲ႔အတူ New Zealand က ေတာထဲမွာ ေနရန္ ဆုံးျဖတ္ခဲ့ပါတယ္ ။ Miriam တို႔ႏွစ္ဦးက လိုအပ္တဲ့ အဝတ္အထည္အနည္းငယ္ကိုသာယူၿပီး အရာအားလုံးကို ခ်န္ထားခဲ့ပါတယ္ ။

သူတို႔အဝတ္အစားမ်ားအျပင္ ၈၅ ကီလိုဂရမ္ ရွိတဲ့ ႏို႔၊ ဂ်ဳံမႈန႔္ ၊ဆန္၊ဟင္းသီးဟင္း႐ြက္ နဲ႔ ပ်ားရည္းပါဝင္အိတ္ကို ထုပ္ပိုးသြားခဲ့ပါတယ္ ။ သူတို႔ဇနီးေမာင္ႏွံက ဖုန္း၊ ေရခဲေသတၱာ၊ အင္တာနက္၊ နာရီနဲ႔ အိမ္သာသုံးစရာမလိုဘဲ ေတာထဲမွာအစာရွာျခင္းျဖင့္ ေနထိုင္ၾကတာပါ ။ Miriam တို႔မွာ ေခါင္းေလွ်ာ္ရည္မွအပ၊ သူတို႔မွာလည္း သြားတိုက္ေဆးနဲ႔ သြားတိုက္တံမရွိၾကပါဘူး ။

Miriam က ေန႔စဥ္သြားတိုက္ရန္ မီးေသြးျပာကို သုံးပါတယ္ ။ ယခင္က Miriam ဟာ ကာယပညာသင္ၾကားေပးသူျဖစ္ခဲ့တာေၾကာင့္ သူမခံႏိုင္ရည္ရွိတာက အဆန္းမဟုတ္ပါဘူး ။ သူမရဲ႕ ခင္ပြန္းဟာလည္းအသက္ ၆၄ ႏွစ္ရွိေသာ္လည္း သူရဲ႕ က်န္းမာေရးက အေတာ္ေလးေကာင္းမြန္ေနပါတယ္ ။

သူတို႔ရဲ႕အစားအစာအတြက္ အမဲလိုက္ရန္ ႐ိုင္ဖယ္ေသနတ္ကို ‌အသုံးျပဳတဲ့အျပင္ Miriam ကလည္း ျမႇားမ်ားကိုအသုံးျပဳပါတယ္ ။ သူမဟာ အရင္ကသက္သတ္လြတ္စားခဲ့သူျဖစ္ေသာ္လည္း ေတာမွာ ရွင္သန္ရန္ သူမက အမဲလိုက္စားရပါတယ္ ။ Miriam ကဆိတ္ကို ပထမဆုံးအႀကိမ္ပစ္ခတ္ၿပီးေနာက္ တစ္ခ်ိန္တည္းမွာပင္ သူမက မိမိကိုယ္ကိုဂုဏ္ယူခဲ့ပါတယ္ ။

တီဗီအစီအစဥ္တစ္ခုနဲ႔ အင္တာဗ်ဴးတစ္ခုမွာ Miriam က ေတာထဲမွာ ေနထိုင္တဲ့ သူမတို႔ရဲ႕ ေန႔စဥ္ဘဝကို ေဖာ္ျပခဲ့ပါတယ္ ။ သူတို႔မွာနာရီမရွိတဲ့အတြက္ အခ်ိန္အတိအက်မသိရပါဘူး ။ သူတို႔က ေနထြက္ခ်ိန္မွာသာအလုပ္လုပ္ၿပီး ေနဝင္ခ်ိန္ေတြမွာ အနားယူၾကပါတယ္ ။

ေနထြက္ၿပီးေနာက္ သူတို႔က ထင္းရွာၿပီး မီးေမြးကာ ၊ လက္ဖက္ရည္ေဖ်ာ္ၿပီး မနက္စာစား၊ ၿပီးတာနဲ႔ အမဲလိုက္ၾကပါတယ္ ။ ေဆာင္းရာသီညက ရွည္လ်ားတဲ့အခါ ၁၃ နာရီ၊ ၁၄ နာရီအထိ အိပ္စက္ရပါတယ္ ။

ရာသီဥတုဆိုးတဲ့အခါေတြဆိုရင္ တဲထဲမွာသာေနပါတယ္ ။ ေခတ္သစ္လူငယ္တို႔အတြက္ ေတာဘဝက အလြန္ခက္ခဲပုံရေသာ္လည္း ထိုစုံတြဲက ၎တို႔ရဲ႕ဘဝပုံစံကို ႏွစ္သက္ၾကတာပါ ။ ဘဝက ခက္ခဲေပမယ့္လည္း Miriam က ေခတ္သစ္ယဥ္ေက်းမႈကေန လြတ္ေျမာက္ရတာဟာ အရမ္းကိုေကာင္းပါတယ္လို႔ ဆိုပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*