စိတ်ကူးယဥ်ဆန်တဲ့ ရဟတ်ယာဉ်လေးစီးပြီး ချစ်သူကောင်မလေးကို စိန်လက်စွပ် ၅ ကွင်းနဲ့ propose လုပ်ခဲ့တဲ့ အမျိုးသား

Atlanta မြို့ ရှိ အမျိုးသားတစ်ဦးဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရဟတ်ယာဉ်နဲ့ စီးနင်းပြီးနောက် သူ့ရဲ့ ချစ်သူကောင်မလေးကို စိန်လက်စွပ် ၅ ကွင်းနဲ့ proposes လို့ခဲ့ပါတယ်။ ဒီကောင်လေးဟာ ကျွန်တော်တို့ စိန်လက်စွပ်တစ်ကွင်းလေး ဝယ်ဖို့တောင်မတတ်နိုင်တဲ့အချိန်မှာ သူကတော့ စိန်လက်ွိပ် ကွင်းငါးခုနဲ့ လက်ထပ်ခွင့်တောင်နိုင်ခဲ့တယ်ဆိုတဲ့အချက်က Netizens တွေကို တုန်လှုပ်စေခဲ့ပါတယ်။

William Hunn အမည်ရှိ ၎င်းအမျိုးသားဟာ Brittany Miller လို့ခေါ်တဲ့ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ အတူ တစ်နှစ်မျှအတူတကွရှိနေခဲ့ပြီး သူတို့ဟာ ဆယ်စုနှစ်အကြာ သူငယ်ချင်းတွေဖြစ်ခဲ့ကြတာကနေ သမီးရည်းစားတွေ ဖြစ်သွားခဲ့ကြောင်း William ကရှင်းပြခဲ့ပါတယ်။William ဟာ Brittany မသိအောင် အရင်က သူမနှစ်သက်တဲ့ လက်စွပ်ပုံကို ပြုလုပ်ခြင်းဖြင့် ရက် ၃၀ ကြာအောင် စီစဥ်ခဲ့ရပါတယ်။

အဆိုပြုတဲ့နေ့မှာ William ဟာ Brittany ကို စိတ်ကူးယဉ်ဆန်တဲ့ရဟတ်ယာဉ်နဲ့ စီးပြီး Atlanta ရဲ့ သဘာဝ ရှုခင်းအလှတွေကို ကြည့်ရှုခံစားစေခဲ့ပါတယ်။ ရဟတ်ယာဉ်ပေါ်ကနေ ဆင်းသက်လာတာနဲ့ အမျှ သူတို့ရဲ့ သက်ဆိုင်ရာမိသားစုတွေ နဲ့ သူတို့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းအချို့ စောင့်ဆိုင်းနေတာကိုတွေ့မြင်ရပါတယ်။ “ သူတို့တွေ အိမ်ခေါင်မိုးပေါ်တက်လာတာကို ကျွန်မတွေ့လိုက်ရတော့ ကျွန်မနှလုံးသားလေး လုံးလုံးလွင့်စင်သွားပါတယ်။

ကျွန်မကို လက်စွပ်တစ်ကွင်းနဲ့ propose လုပ်ပေးရုံနဲ့ဘဲ ကျွန်မ အရမ်းပျော်ရွှင်နေပါပြီ။ ဒါပေမယ့် သူက ပိုပြီးထူးခြားအောင်လုပ်ပေးခဲ့တယ် ” လို့ Brittany ပြောပြခဲ့ပါတယ်။ William က သူ့ကောင်မလေးရှေ့မှာ ဒူးထောက်ပြီး သူ့ရဲ့ လက်စွပ် ငါး ကွင်းနဲ့ လူတိုင်းအသက်ရှူရပ်သွားစေခဲ့ပါတယ်။ စိတ်ဝင်စားစရာမှာ William ဟာ ၎င်းလက်စွပ်တွေက စိန်ဖြစ်ကြောင်း အမှန်တကယ်သေချာစေရန် စိန်စမ်းသပ်သူကိုပါ ယူဆောင်လာခဲ့တာပါ။

Zawgyi

Atlanta ၿမိဳ႕ ရွိ အမ်ိဳးသားတစ္ဦးဟာ စိတ္လႈပ္ရွားစရာေကာင္းတဲ့ ရဟတ္ယာဥ္နဲ႔ စီးနင္းၿပီးေနာက္ သူ႔ရဲ႕ ခ်စ္သူေကာင္မေလးကို စိန္လက္စြပ္ ၅ ကြင္းနဲ႔ proposes လို႔ခဲ့ပါတယ္။ ဒီေကာင္ေလးဟာ ကြၽန္ေတာ္တို႔ စိန္လက္စြပ္တစ္ကြင္းေလး ဝယ္ဖို႔ေတာင္မတတ္ႏိုင္တဲ့အခ်ိန္မွာ သူကေတာ့ စိန္လက္ြိပ္ ကြင္းငါးခုနဲ႔ လက္ထပ္ခြင့္ေတာင္ႏိုင္ခဲ့တယ္ဆိုတဲ့အခ်က္က Netizens ေတြကို တုန္လႈပ္ေစခဲ့ပါတယ္။

William Hunn အမည္ရွိ ၎အမ်ိဳးသားဟာ Brittany Miller လို႔ေခၚတဲ့ သူ႔ရဲ႕ခ်စ္သူေကာင္မေလးနဲ႔ အတူ တစ္ႏွစ္မွ်အတူတကြရွိေနခဲ့ၿပီး သူတို႔ဟာ ဆယ္စုႏွစ္အၾကာ သူငယ္ခ်င္းေတြျဖစ္ခဲ့ၾကတာကေန သမီးရည္းစားေတြ ျဖစ္သြားခဲ့ေၾကာင္း William ကရွင္းျပခဲ့ပါတယ္။William ဟာ Brittany မသိေအာင္ အရင္က သူမႏွစ္သက္တဲ့ လက္စြပ္ပုံကို ျပဳလုပ္ျခင္းျဖင့္ ရက္ ၃၀ ၾကာေအာင္ စီစဥ္ခဲ့ရပါတယ္။

အဆိုျပဳတဲ့ေန႔မွာ William ဟာ Brittany ကို စိတ္ကူးယဥ္ဆန္တဲ့ရဟတ္ယာဥ္နဲ႔ စီးၿပီး Atlanta ရဲ႕ သဘာဝ ရႈခင္းအလွေတြကို ၾကည့္ရႈခံစားေစခဲ့ပါတယ္။ ရဟတ္ယာဥ္ေပၚကေန ဆင္းသက္လာတာနဲ႔ အမွ် သူတို႔ရဲ႕ သက္ဆိုင္ရာမိသားစုေတြ နဲ႔ သူတို႔ရဲ႕ အရင္းႏွီးဆုံးသူငယ္ခ်င္းအခ်ိဳ႕ ေစာင့္ဆိုင္းေနတာကိုေတြ႕ျမင္ရပါတယ္။ “ သူတို႔ေတြ အိမ္ေခါင္မိုးေပၚတက္လာတာကို ကြၽန္မေတြ႕လိုက္ရေတာ့ ကြၽန္မႏွလုံးသားေလး လုံးလုံးလြင့္စင္သြားပါတယ္။

ကြၽန္မကို လက္စြပ္တစ္ကြင္းနဲ႔ propose လုပ္ေပး႐ုံနဲ႔ဘဲ ကြၽန္မ အရမ္းေပ်ာ္႐ႊင္ေနပါၿပီ။ ဒါေပမယ့္ သူက ပိုၿပီးထူးျခားေအာင္လုပ္ေပးခဲ့တယ္ ” လို႔ Brittany ေျပာျပခဲ့ပါတယ္။ William က သူ႔ေကာင္မေလးေရွ႕မွာ ဒူးေထာက္ၿပီး သူ႔ရဲ႕ လက္စြပ္ ငါး ကြင္းနဲ႔ လူတိုင္းအသက္ရႉရပ္သြားေစခဲ့ပါတယ္။ စိတ္ဝင္စားစရာမွာ William ဟာ ၎လက္စြပ္ေတြက စိန္ျဖစ္ေၾကာင္း အမွန္တကယ္ေသခ်ာေစရန္ စိန္စမ္းသပ္သူကိုပါ ယူေဆာင္လာခဲ့တာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*