စားသောက်ဆိုင်ရှေ့မှာ ဆာလောင်နေတဲ့ခွေးလေးကို စားသုံးသူတွေက လျစ်လျုရှုထားတဲ့ စိတ်မကောင်းစရာဓာတ်ပုံတစ်ပုံ

လူတွေရဲ့အကူညီအများကြီးကို ခွေးတွေလိုအပ်ပါတယ်။မကောင်းတဲ့လူတွေဖမ်းတဲ့နေရာမှာ သူတို့ကူညီပေးတယ်..ကိုယ်တွေအိမ်နဲ့မိသားစုတွေကို ကာကွယ်ပေးတယ်..ပြီးတော့ ကိုယ်တွေ စိတ်ဓာတ်ကျနေချိန် သူတို့ကနှစ်သိမ့်ပေးတယ်။ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ သူတွေကိုကူညီပေးဖို့အတွက် ခွေးတွေအများကြီးလေ့ကျင့်ခံနေရပါတယ်။

ဒီသနားစရာခွေးလေးတွေဟာ ဝမ်းစာအတွက် အမှိုက်ပုံတွေလှန်လှောပြီး စားသောက်နေရပါတယ်..။မကြာခဏ လူတွေမောင်းထုတ်ရင်လည်း ထွက်ပြေးနေရတယ်။

ဆာလောင်နေတဲ့ခွေးလေးဟာ စားသောက်ဆိုင်ရှေ့ကစောင့်ပြီး အထဲက လူတွေကိုမျှော်ကြည့်နေတယ်။တစ်ယောက်ယောက်များ သူ့ကိုအရိုးလေးပစ်ကျွေးမလားလို့ပေါ့။ကံဆိုးချင်တော့ ခွေးလေးကိုဘယ်သူမှ အာရုံမစိုက်ကြဘူး။ ခွေးပုံစံကလည်း အရိုးပေါ်အရေတင် ပိန်လှီခြောက်ကပ်နေတော့ ချစ်စရာမကောင်းဘူး ဖြစ်နေတယ်။

ဒီပုံကို ဖေ့ဘုတ်စ်အကောင့် Saving Strays Cebu မှာ တင်ထားတာဖြစ်ပြီး likes 10,000ကျော်နဲ့ ရှယ်ပေါင်း ၁၁ဝဝဝရှိပြီး ဆောင်းပါးအနေနဲ့လည်းရေးလာကြတာတွေ့ရပါတယ်။ သနားစရာခွေးလေးတွေကို တစ်ဖက်တစ်လမ်းကနေတတ်နိုင်သလောက် ကူညီအားဖြည့်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*