
စားသောက်ဆိုင်ရဲ့ထိုင်ခုံတစ်ခုပေါ်မှာ ခေါင်းလေးတင်ပြီး အစာကြွင်းကျန်တွေကိုစားရန်စောင့်နေခဲ့တဲ့ ခွေးလေး
Twitter အသုံးပြုသူ @SuavesLomitos က ဆာလောင်မွတ်သိပ်နေတဲ့ ခွေးတစ်ကောင်ရဲ့ မျက်နှာအနေအထားကို တွေ့ပြီး ဓာတ်ပုံရိုက်ကာ Twitter ပေါ် တင်လိုက်တဲ့အခါမှာ အများပြည်သူတို့ရဲ့ နှလုံးသားကို ထိမိစေခဲ့ပါတယ် ။ Tweet post တွင် တွေ့ရတဲ့အတိုင်း ဆာလောင်နေတဲ့ ခွေးတစ်ကောင်ဟာ စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ထိုင်ခုံတစ်ခုပေါ်မှာ သူ့ခေါင်းလေးတင်ကာ မှေးမှိန်ပြီး ငေးနေတာကို တွေ့ရပါတယ် ။ စားစရာတစ်စုံတစ်ခုတောင်းရန် စားသူတွေရဲ့ အစားအစာကြွင်းကျန်ကို စောင့်နေတဲ့ အနေအထားနဲ့ ငေးနေခဲ့တာပါ ။
၎င်းအဖြစ်အပျက်ကို မျှဝေသူက ထိုအချိန်မှာ ဖောက်သည်များထဲမှတစ်ဦးဖြစ်ပြီး အချို့သောဖောက်သည်များက ဆာလောင်မွတ်သိပ်နေတဲ့ ခွေးလေးကို လျစ်လျူရှုထားကြတာပါ ။ ဒီ post ဟာ netizens တွေရဲ့ နှလုံးသားကို ကြေကွဲစေပြီး ဝေဖန်ချက်များစွာနဲ့ စာဖတ်သူများက ထိုဆာလောင်မွတ်သိပ်နေတဲ့ ခွေးရဲ့ အစာများကိုကျွေးပေးကြပါရန် တောင်းဆိုနေကြပါတယ် ။
ဒီခွေးကလေးဟာ သူဘယ်လောက်တောင်ဆာလောင်လွန်းတာကို သူ့ခန္ဓာကိုယ်ပေါ်က နံရိုးတွေက ကပ်လျက်ဖြစ်နေတာကို ကြည့်ရုံနဲ့ သိ သာထင်ရှားနေပါတယ် ။ တစ်စုံတစ်ဦးက သူ့ကိုကျွေးမွေးရုံ သာမက မွေးစားခြင်းနဲ့ သူရထိုက်တဲ့ ချစ်ခြင်းမေတ္တာကို ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ။
Zawgyi
Leave a Reply