
စားသောက်ဆိုင်မှ ကျန်ရှိခဲ့တဲ့ ရွှေလက်စွပ်ကွင်းကို တွေ့ရှိကာ ပိုင်ရှင်ဆီ ပြန်လည်ပေးဆောင်ခဲ့တဲ့ စားပွဲထိုးဝန်ထမ်းတစ်ဦး
အိန္ဒိယနိုင်ငံ၊ Ipoh မြို့ ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းလာစားတဲ့ အမျိုးသမီးတစ်ဦးဟာ ရိုးသားတဲ့ စားပွဲထိုးတစ်ဦး နဲ့ ဆုံမိခဲ့ပါတယ်။ စားသောက်ဆိုင်မှ သူမတို့ထွက်ခွာသွားပြီး သူမရဲ့သားငယ်လေး ကျန်ခဲ့တဲ့ ရွှေလက်စွပ်ကို ပြန်ပေးရန် စားပွဲထိုးတစ်ဦးဟာ သူမတို့မိသားစုကို မိုင်များစွာ လိုက်လံပြန်ပေးခဲ့ပါတယ်။
ဖေ့စ်ဘွတ်ခ်အသုံးပြုသူ Kunavathi Paul Raj ဟာ အိန္ဒိယနိုင်ငံက နာမည်ကြီးအိန္ဒိယစားသောက်ဆိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကိုဝေမျှရန် သူမရဲ့ Facebook စာမျက်နှာမှာတင်ပြခဲ့ပါတယ်။ သတင်းစာအရ သူမက E ဆိုတဲ့စာလုံးပါတဲ့ရွှေလက်စွပ်ကို၀တ်ဆင်ထားတဲ့သားငယ် နဲ့အတူ နံနက်စာစားရန်စားသောက်ဆိုင်ကို သွားခဲ့ပါတယ်။ သားဖြစ်သူက ထမင်းစားနေစဉ်မှာ လက်စွပ်ကိုချွတ်ပြီးချန်ထားခဲ့တာကို သူမမသိခဲ့ပါဘူး။
ကံကောင်းထောက်မစွာဖြင့်, Nahendran လို့ခေါ်တဲ့ စားသောက်ဆိုင် စားပွဲထိုးတစ်ဦးက လက်စွပ်ကိုသူတွေ့ရှိခဲ့ပြီးနောက် သူတို့ကို အမီလိုက်ပြီး သူတို့မသိဘဲ ချန်ထားခဲ့မိတဲ့ ပစ္စည်းကို ပြန်ယူဖို့တောင် အတင်းပေးနေရပါတယ်။ Nahendran က သူတို့စားသောက်ဆိုင်မှာ ဘာပစ္စည်းမှ မကျန်ခဲ့ဘူးလားလို့ မေးတဲ့အခါမှာ သူ့သားလက်စွပ်ပျောက်နေတာကို သူမမသိခဲ့တာကြောင့် နားမလည်ခဲ့ပါဘူး။
နောက်ပြီး သားဖြစ်သူရဲ့ လက်မှာ လက်စွပ်ပျောက်နေတာကို မြင်မိပြီး သူမဟာ “ ရိုးသားတဲ့စားပွဲထိုး” ကို ကျေးဇူးတင်ကြောင်း နဲ့ ၎င်းစားသောက်ဆိုင်မှာ သူ့လို၀ န်ထမ်းတစ်ဦးရှိနေတဲ့အတွက် ဂုဏ်ယူသင့်ကြောင်း ပြောကြားခြင်းဖြင့် သူမရဲ့ ဇာတ်လမ်းကို အဆုံးသတ်ခဲ့လိုက်ပါတယ်။လက်စွပ်ပိုင်ရှင် Kunavathi မျှဝေတဲ့ ဇာတ်လမ်းဟာ အင်တာနက်အသုံးပြုသူများစွာက ၎င်းစားပွဲထိုးဝန်ထမ်းကို ချီးကျူးလေးစားတဲ့မှတ်ချက်များ ပေးကြပါတယ်။။
ထိုစားသောက်ဆိုင်ရဲ့ ပုံမှန်ဖောက်သည်တွေဆိုရင် ၎င်းနေရာကို လာရောက်တဲ့သူတိုင်း ဖော်ဖော်ရွေရွေနဲ့ ကြိုဆိုတက်တဲ့ ၎င်းစားပွဲထိုးတစ်ဦးကို မှတ်မိနေကြပါတယ်။ Facebook အသုံးပြုသူ Tharini Rini က “ သူကလူကောင်းတစ်ယောက်ပါ။ အမြဲတမ်းနွေးထွေးတဲ့ အပြုံး နဲ့ ကျွန်တော်တို့ကို အမြဲကြို့ဆိုဧည်ခံတယ် ” ဆိုပြီးမှတ်ချက်ပေးခဲ့ပါတယ်။
Leave a Reply