
စားသောက်ဆိုင်မှာ Cashier အနေနဲ့ အလုပ်လုပ်ကိုင်နေတဲ့ ခွေးလိမ္မာလေး
ဒီတစ်ခေါက်ဖော်ပြမဲ့ ဗီယက်နမ်နိုင်ငံကခွေးလေးကတော့ စားသောက်ဆိုင်မှာ Cashier တစ်ယောက်အနေနဲ့ စိတ်ရှည်သည်းခံစွာ အလုပ်လုပ်ကိုင်နေကြလျက်ရှိပါတယ် ။ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကြောင့် ဆိုင်ထိုင်ပြီး စားသောက်လို့မရလို့ Customer တွေက ပါဆယ်လာရောက်ဝယ်ယူနေကြတာပါ ။
ဆိုင်ပိုင်ရှင်က အချက်ပြလိုက်ရင် ခွေးလေးက Customer ဆီသွားပြီး ပိုက်ဆံသွားယူကာ ဆိုင်ရှင်ဆီယူလာ ပေးခဲ့ပါတယ် ။ Customer တွေဆီက ပိုက်ဆံရဖို့ စိတ်ရှည်သည်းခံစွာ အမြှီးလေးနပ်ပြီး စောင့်နေတဲ့သူ့ရဲ့ပုံစံလေးက အတော်လေးချစ်ဖို့ကောင်းနေတာကို video ထဲမှာ မြင်တွေ့ရမှာပါ ။ တစ်ကယ့်ကို သခင်နဲ့အတူ ဆိုင်မှာ ကြိုးကြိုးစားစား အလုပ်လုပ်ကိုင်နေတဲ့ ခွေးလိမ္မာလေးပါပဲ ။
#3
#4
#Video
Leave a Reply