
စာသင်ခန်းထဲမဝင်ခင် ပင်ပန်းခဲ့သမျှကိုဖုံးပြီး အပြုံးမျက်နှာဖြစ်အောင် လေ့ကျင့်နေခဲ့တဲ့ ဆရာတစ်ဦး(ရုပ်သံ)
‘ဆရာသမားများသည် အခြားသူများကို မီးထွန်းပေးရန် မိမိတို့ကိုယ်ကို လောင်ကျွမ်းစေသော ဖယောင်းတိုင်နှင့်တူသည် ’ ဆိုတဲ့ စကားပုံက ကျောင်းသားတွေအား ပညာပေးရန် သူတို့ရဲ့အချိန်နဲ့ ခွန်အားကို စွန့်လွတ်လိုတဲ့ဆရာသမားတွေကို ဖော်ပြဖို့ ရည်ညွှန်းတဲ့ စကားပုံတစ်ခုပါ။မကြာသေးခင်က စာသင်ခန်းထဲမဝင်ခင် တရုတ်ကျောင်းဆရာတစ်ယောက် အပြုံးလေ့ကျင့်နေခဲ့တာကိုပြသတဲ့ဗီဒီယိုဟာ တရုတ် social media ပလက်ဖောင်းတွေပေါ် ချက်ချင်းပျံ့နှံ့သွားပြီး လူသိပြောများသွားခဲ့ပါတယ်။
လူတိုင်းရင်ကို ထိမိသွားစေတဲ့အဆိုပါအဖြစ်အပျက်က တရုတ်ပြည်မြောက်ပိုင်း Qinghuangdao City မှာ ဖြစ်ပွါးခဲ့တာပါ။CGTV မှ ဖြန့်ဝေခဲ့တဲ့ ၃၆ စက္ကန့် သာကြာတဲ့ အဆိုပါဗီဒီယိုဟာ အင်တာနက်အသုံးပြုသူတို့ရဲ့ နှလုံးသားကို အရည်ပျော်သွားစေခဲ့ပါတယ်။အကြောင်းက ဆရာဟာ ပင်ပန်းနွမ်းနယ်မှုကို ဘေးဖယ်ထားပြီး သူ့ရဲ့ကျောင်းသားတွေကို အပြုံးမျက်နှာလေးနဲ့နှုတ်ဆက်လိုတဲ့ဆန္ဒရှိကြောင်း ပြသနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။လူအချို့က သူဘယ်လောက်ဘဲ ပင်ပန်းနေပါစေ
အပြုသဘောဆောင်တဲ့energy တွေကို ယူဆောင်လာဖို့ကြိုးစားတဲ့အတွက်ကြောင့် သူ့ကို လေးစားကြောင်း ပြောဆိုခဲ့ကြပါတယ်။အချို့ကလည်း ဆရာဟာ သူ့ရဲ့အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုကို ပြသခဲ့ကြောင်း ဆိုခဲ့ကြပါတယ်။အဆိုပါဆရာက အင်တာနက်ကို လှုပ်ခတ်သွားစေခဲ့တဲ့ ဗီဒီယိုကို ပြန်တွေ့တော့ သူဟာ လူသိများအောင် တမင်လုက်ထားမဟုတ်ဘဲ ကျောင်းသားတွေအတွက် ဆရာကောင်းတစ်ယောက်သာဖြစ်ချင်ခဲ့ကြောင်း ပြန်ဖြေကြားပေးခဲ့ပါတယ်။
Smile, you're a teacher!
A video of a Chinese school teacher forcing a smile before entering the classroom has gone viral on Chinese social media platforms. pic.twitter.com/tLZjopudXS
— CGTN (@CGTNOfficial) December 26, 2020
ကမ္ဘာတစ်ဝှမ်းက ဆရာတွေလည်း ဒီပုံပြင်လေးကို inspire ယူပြီး သူတို့ကျောင်းသားတွေကို ပညာဆက်သင်ကြားပေးဖို့ စွန့်လွတ်လိမ့်မယ်မဟုတ်ဘူးလို့ မျှော်လင့်နေမိပါတယ်။
Leave a Reply