စာမေးပွဲဖြေဆိုနေသော မိခင်ဖြစ်သူကို အခန်းအပြင်မှနေ၍ စိတ်ရှည်စွာ စောင့်ဆိုင်းနေသည့် ချစ်စဖွယ် အသက်၃နှစ်အရွယ် သမီးလေး

စာမေးပွဲဖြေဆိုနေသော မိခင်ဖြစ်သူကို အခန်းအပြင်မှနေ၍ စိတ်ရှည်စွာ စောင့်ဆိုင်းနေသည့် ချစ်စဖွယ် အသက်၃နှစ်အရွယ် သမီးလေး

ကလေးငယ်တို့သည် ငယ်ရွယ်စဥ်အချိန်တွင် အရာရာကို မသိရှိသေးသည့်အတွက် မိဘများကိုသာ အားကိုးပြီး မျှော်လင့်နေရတာဖြစ်ပါတယ်။မိဘများဟာ သားသမီးလေးတို့ စာမေးပွဲဖြေဆိုသည့်အချိန်တွင် စာဖြေခန်းအပြင်မှနေပြီး စောင့်ဆိုင်းနေရတာကို တွေ့ဖူးကြမှာပါ။သို့သော်လည်း ယခုအခါတွင် မိခင်ဖြစ်သူစာမေးပွဲဖြေနေသည်ကို ထိုင်စောင့်နေသည့် ၃နှစ်အရွယ်ကလေးငယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ Zhejiangပြည်နယ် Jinhuaတွင် တနင်္ဂနွေနေ့၌ အလုပ်အတွက် စာဖြေဆိုခြင်းကို မိခင်တစ်ဦး၏ ဖြေဆိုခဲ့ရတာဖြစ်ပါတယ်။သမီးလေးဟာ ကျောင်းပိတ်ရက်ဖြစ်နေသည့်အတွက် မိခင်နှင့်လိုက်လာခဲ့ပြီး မိခင်စာမေးပွဲဖြေဆိုနေသည့် ၃နာရီလုံးကို ထိုင်စောင့်နေခဲ့ရတာဖြစ်ပါတယ်။

ကလေးလေးဟာ အချိန်ကြာလွန်းသော်လည်း တစ်ဦးတည်း စိတ်ရှည်စွာ ထိုင်စောင့်နေခဲ့ပြီး ထိုင်ခုံလေးပေါ်တွင် ငိုက်နေပုံလေးမှာ အလွန်ချစ်စဖွယ် ကောင်းနေခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*