စာမေးပွဲကို ကောင်းစွာဖြေဆိုနိုင်ရန်အတွက် တပည့်တစ်ဦး၏ ကလေးကို စာမေးပွဲဖြေပြီးချိန်ထိ စိတ်ရှည်ရှည်ဖြင့် ထိန်းပေးခဲ့သည့် ဆရာမလေး

စာမေးပွဲကို ကောင်းစွာဖြေဆိုနိုင်ရန်အတွက် တပည့်တစ်ဦး၏ ကလေးကို စာမေးပွဲဖြေပြီးချိန်ထိ စိတ်ရှည်ရှည်ဖြင့် ထိန်းပေးခဲ့သည့် ဆရာမလေး

အကွယ်မရောက်သေးသည့် ကလေးငယ်လေးကို ထိန်းရတာဟာ မည်မျှပင်ပန်းလဲဆိုတာ လူတိုင်းသိရှိကြလိမ့်မည်ဟု ထင်မှတ်မိပါတယ်။ကလေးတစ်ယောက်ကို ထိန်းရတာဟာ အလွန်ပင်ပန်းဒုက္ခရောက်ရတာဖြစ်ပါတယ်။

သို့သော်လည်းဖိလစ်ပိုင်နိုင်ငံ Butuan မြို့ရှိ တက္ကသိုလ်ဆရာမတစ်ဦးမှ တပည့်၏ကလေးကို ထိန်းပေးနေသည့် ပုံလေးဟာ လူအများကို စိတ်ဝင်စားစေခဲ့ပါတယ်။ထိုဆရာမဟာ သူမ၏တပည့်မှ ဖြေဆိုရမည်စာမေးပွဲတွင် အခက်အခဲမရှိဘဲ လွတ်လပ်အေးဆေးစွာ ဖြေဆိုနိုင်ရန်အတွက် ကူညီပေးခဲ့တာဖြစ်ပါတယ်။

စာမေးပွဲဖြေဆိုနေသည့် အချိန်၃နာရီလုံးကို စိတ်ရှည်စွာဖြင့် ကလေးထိန်းပေးခဲ့ပြီး ဆရာမကိုယ်တိုင်ဟာ ကလေးထိန်းနေသာ့်ပုံလေးကို လိုင်းပေါ်တင်ထားခဲ့ပါတယ်။ထိုအခါအခြားသူများက ဆရာမ၏မေတ္တာစေတနာကို လေးစားချီးကျူးခဲ့ကြပြီး ဆရာမ၏သူငယ်ချင်းများကတော့ စနောက်နေခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*