စာမလုပ်ဘဲ ဖုန်းဆော့နေသည့်သားကို အိမ်အလုပ်များခိုင်းခဲ့ရာ သားဖြစ်သူက မကျေနပ်၍ ရဲစခန်းသွားတိုင်ခံရတဲ့ ဖခင်တစ်ယောက်ရဲ. နောက်ဆက်တွဲ

စာမလုပ်ဘဲ ဖုန်းဆော့နေသည့်သားကို အိမ်အလုပ်များခိုင်းခဲ့ရာ သားဖြစ်သူက မကျေနပ်၍ ရဲစခန်းသွားတိုင်ခဲ့သောကြောင့် လိုက်ဖြေရှင်းခဲ့ရသည့် ဖခင်၏အဖြစ်

တရုတ်နိုင်ငံ Anhuiပြည်နယ် Maansanမြို့တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်လေးဟာ လူအများ၏ စိတ်ဝင်စားမှုကို အထူးရရှိနေခဲ့တာဖြသ်ပါတယ်။အမျိုးသားတစ်ဦး၏ အသက်၁၄နှစ်အရွယ် သားဖြစ်သူဟာ ကျောင်းစာများကို စိတ်ဝင်စားခြင်းမရှိဘဲ ဖုန်းဖြင့်သာ နေ့စဥ်အချိန်ကုန်နေခဲ့ပါတယ်။

ထို့ကြောင့်ဖခင်ဖြစ်သူက သား၏ဖုန်းကိုသိမ်းယူခဲ့ပြီး အိမ်မှုကိစ္စများကို ခိုင်းစေခဲ့တာဖြစ်ပါတယ်။ထိုအခါ သားဖြစ်သူက မကျေမနပ်ဖြစ်ကာ ရဲစခန်းသို့သွားပြီး သူ၏ဖခင်ဟာ တရားမဝင် ကလေးလုပ်သားတွေကို အလုပ်များခိုင်းစေနေသည်ဟု လိမ်လည်တိုင်းကြားခဲ့တာဖြစ်ပါတယ်။

ထိုအခါ ဖခင်ဖြစ်သူဟာ ရဲစခန်း၏ခေါ်ယူစစ်ဆေးခြင်းကို ခံခဲ့ရပြီး ဖြေရှင်းခဲ့ရပါတယ်။လူအများကတော့ ကလေးကို ပြစ်တင်ပြောဆိုနေကြပြီး သိပ်နောက်မကျခင် ကလေးကိုတစ်ထုခုလုပ်သင့်တယိဟု မှတ်ချက်ပေးနေကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*