
စမတ်ဖုန်းလေး နဲ့ ဂိမ်းကစားရတာထက် အိမ်မှုကိစ္စတို့၊ မိဘအလုပ်တို့ကူညီရတာကို ပိုနှစ်သက်တဲ့ ၆ နှစ်အရွယ်ကောင်လေး
ဒီလို Digital ခေတ်မှာ ကလေးငယ်အများစုက စမတ်ဖုန်းတွေနဲ့ စတဲ့ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုတွေကို လိုချင်ရချင်ကြတာပါ ။ ဒါပေမဲ့ ယခု ၆ နှစ်အရွယ်ကောင်လေးဟာ သူ့ရဲ့ရွယ်တူသူငယ်ချင်းတွေလို gadget တွေနဲ့ ကစားရတာဟာ ပျော်စရာမကောင်းဘူးလို့ ဆိုပါတယ် ။
Mikail Harith ဆိုသူ ၆ နှစ်ကလေးငယ်ဟာ စမတ်ဖုန်းနဲ့ဂိမ်းကစားတာထက် မီးဖိုချောင်မှာ သူ့အစ်မကို လုပ်ကူတာတို့၊ အဝတ်အစားတွေမီးပူတိုက်တဲ့လုပ်ငန်းတွေကို ပိုမိုနှစ်သက်ခဲ့တာပါ ။ နောက်ပြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဥယျာဉ်စိုက်ပျိုးခြင်းတို့ဖြင့် ကောင်လေးက သူ့အဘိုးကို ကူညီပေးခဲ့ပါတယ် ။သူဟာ မြို့ကြီးမှာ မွေးဖွားကြီးပြင်းလာခဲ့ပေမဲ့ အလုပ်မှန်တမျှကို လုပ်ဆောင်နိုင်ခဲ့တာပါ ။ သူ့ရဲ့ ရွယ်တူကလေးတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သူ့ရဲ့ထူးခြားတဲ့ နှစ်သက်မှုတွေကြောင့် Mikail Harith ဟာ လူအများကအံ့အားသင့်သွားပြီး သူ့ရဲ့ကြီးပြင်းလာပုံကို သဘောကျသွားသဖြင့် အင်တာနက်အာရုံခံမှုများဖြစ်လာပါတယ် ။
စာဖတ်သူတွေက ဒီနေ့ခေတ်ကလေးငယ်တွေက gadget တွေနဲ့ ကစားခြင်းထက် ပြင်ပလှုပ်ရှားမှုများကို ပိုနှစ်သက်တဲ့ကလေးတွေက အလွန်ရှားပါးတဲ့အရာဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ် ။
Zawgyi
Leave a Reply