စတိုးဆိုင်သို့ခေါ်လာပြီး လိုချင်သည့်ဖုန်းလေးကို ဝယ်ယူပေးခဲ့သည့် ခင်ပွန်းသည်ကြောင့် အပျော်လွန်ကာ ထိုင်ငိုနေခဲ့သည့် အမျိုးသမီး

စတိုးဆိုင်သို့ခေါ်လာပြီး လိုချင်သည့်ဖုန်းလေးကို ဝယ်ယူပေးခဲ့သည့် ခင်ပွန်းသည်ကြောင့် အပျော်လွန်ကာ ထိုင်ငိုနေခဲ့သည့် အမျိုးသမီး

အခြားလူများအတွက် အလွယ်တကူရရှိနိုင်သော ပစ္စည်းဥစ္စာတို့သည် ငွေကြေးဆင်းရဲချို့တဲ့သူများအတွက် စိတ်ကူးယဥ်ရန် ခက်ခဲလွန်းလှသော အရာလည်းဖြစ်ပါတယ်။ငွေကြေးအဆင်မပြေသည့် လူသားအချို့အတွက် ထမင်းတနပ်ကပင် ထီးပေါက်သကဲ့သို့ရှိနေမည်ဖြစ်ပေသည်။

ယခုတွင်လည်း အမျိုးသမီးတစ်ဦးသည် သူမ၏ စျေးကြီးလွန်းလှသော အိမ်မက်လေးကို အမှတ်မထင်ဖြည့်ဆည်းပေးလိုက်သည့် ခင်ပွန်းသည်ကြောင့် အပျော်လွန်ကာ ငိုကြွေးနေခဲ့ပါတယ်။ခင်ပွန်းဖြစ်သူဟာ ဇနီးသည်အတွက် ဖုန်းလေးဝယ်ပေးချင်သောကြောင့် စတိုးဆိုင်သို့ ကျုယ်တိုင်ခေါ်လာပြီး ရွေးချယ်ဝယ်ယူစေခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် အမျိုးသမီးဟာ အပျော်လွန်သွားခဲ့ပြီး ဖုန်းများကို သေချာမကြည့်နိုင်ဖြစ်နေခဲ့ရပါတယ်။ခင်ပွန်းသည်မှ ချစ်ဇနီးလေး၏ အိမ်မက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည့်အတွက် အလွန်ပျော်ရွင်နေမှာ သေချာပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*