စတိုးဆိုင်တွင် ဈေးသွားဝယ်စဉ် ကောင်တာတွင်ထိုင်နေသည်မှာ ပိုင်ရှင်မဟုတ်ဘဲ မိန့်မိန့်ကြီးထိုင်ပြီး ဆိုင်စောင့်နေသည့် ခွေးတစ်ကောင်ကြောင့် ဈေးဝယ်ရမလား လှည့်ပြန်ရမလားဖြစ်သွားခဲ့ရ

စတိုးဆိုင်တွင် ဈေးသွားဝယ်စဉ် ကောင်တာတွင်ထိုင်နေသည်မှာ ပိုင်ရှင်မဟုတ်ဘဲ မိန့်မိန့်ကြီးထိုင်ပြီး ဆိုင်စောင့်နေသည့် ခွေးတစ်ကောင်ကြောင့် ဈေးဝယ်ရမလား လှည့်ပြန်ရမလားဖြစ်သွားခဲ့ရ

စာဖတ်သူတို့အနေဖြင့်လည်း တိရိစ္ဆာန်လေးတွေဟာ စကားမပြောတတ်သော်လည်း အသိညဏ်ဟာ အလွန်မြင့်မားလှပြီး သခင်ဖြစ်သူထံတွင် သစ္စာရှိကြတယ်ဆိုတာကို သိကြမှာဖြစ်ပါတယ်။သို့သော် အိမ်မွေးတိရိစ္ဆာန်လေးတစ်ကောင်ဟာ လူသားတစ်ဦးလို ဆိုင်စောင့်ပေးနိုင်သည်အထိပင် လုပ်ဆောင်နိုင်သည်ဟု ကြားသိရလျှင် အတော်လေးအံ့သြမိမှာသေချာပါတယ်။

ယခုတွင်လည်း ခွေလေးတစ်ကောင်ဟာ အမှန်တကယ်ပင် သခင်ဖြစ်သူ၏ကိုယ်စား စတိုးဆိုင်လေးကို စောင့်ပေးနေခဲ့တာဖြစ်ပါတယ်။အမျိုးသားတစ်ဦးဟာ ဈေးလာဝယ်သည့်အချိန်တွင် ငွေရှင်းကောင်တာတွင် ထိုင်ပြီးဆိုင်ရှင်တစ်ဦးလိုလိုက်ကြည့်နေသည့် ခွေးကလေးကို မြင်လိုက်ရသောအခါ အံ့သြသွားခဲ့ရတာဖြစ်ပါတယ်။

နောက်မှသိလိုက်ရတာကတော့ သခင်ဖြစ်သူဟာ ရေခဏချိုးချင်သည့်အတွက် ခွေးကလေးကို ဆိုင်စောင့်ပေးရန် ခိုင်းစေခဲ့ခြင်းဖြစ်ပါတယ်။

Zawgyi





 

Be the first to comment

Leave a Reply

Your email address will not be published.


*