စည်းကမ်းမဲ့စွာ လမ်းပေါ်မှာ ကားရပ်ထားလို့ အမှိုက်ပုံးတွေနဲ့ ပိတ်ကာပြီး ပညာပေးခဲ့တဲ့ သန့်ရှင်းရေးလုပ်သား

တရုတ်နိုင်ငံမှာ စည်းကမ်းမဲ့စွာ ရပ်ထားခဲ့တဲ့ ကားတစ်စီးကို သန့်ရှင်းရေးလုပ်သားတစ်ဦးက စိတ်ဆိုးပြီး အမှိုက်ပုံးတွေနဲ့ ဝန်းရံထားပေးလိုက်တဲ့ ဓါတ်ပုံတစ်ပုံဟာ လူထုကြား ရေပန်းစားသွားခဲ့ပါတယ်။

စက္ကန့်လေးဆယ်ကြာ ဗီဒီယိုထဲမှာတော့ တရုတ်အဘိုးအိုတစ်ဦးဟာ စည်းကမ်းမဲ့ ရပ်ထားတယ်လို့ ဆိုတဲ့ အနက်ရောင်ကားတစ်စီးရဲ. ဘေးပတ်ပတ်လည်မှာ အမှိုုက်အပြည့်နဲ့ အမှိုက်ပုံးတွေကို လိုက်စီထားတာပါ ။ အခုလုပ်ရပ်ကို လုပ်တဲ့ သန့်ရှင်းရေးသမားဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရပေမယ့် သေချာတာကတော့ ဒီကားဟာ သူအလုပ်လုပ်ရမယ့် နေရာကို ပိတ်ရပ်ထားတာပါပဲ။


ကားမောင်းသူဟာ အခုနေရာမှာ ကားကို မရပ်ထားသင့်ဘူး ၊ ဒါဟာ အရေးပေါ် ထွက်ပေါက်နေရာဖြစ်တယ်လို့ သန့်ရှင်းရေးလုပ်သားက ဆိုပါတယ်။ ငါအလုပ်ကို ကြိုးစားလုပ်သူပါ ၊ ဒါပေမယ့် ဒီကားဒီနေရာမှာ ရှိနေရင် ငါ အလုပ်ဆက်လုပ်လို့မရဘူးလို့ သူက ဆက်ဆိုပါတယ်။

သန့်ရှင်းရေးလုပ်သားက သူ့အနေနဲ့ ကားပိုင်ရှင်ကို ဆက်သွယ်လို့မရသလို ၊ ကားရပ်ထားတာလည်း နာရီနဲ့ ချီကြာနေပြီမို့ ဒီလိုမျိုးပညာပေးဖို့ ဆုံးဖြတ်လိုက်ရတာလို့ ဆိုပါတယ်။များစွာသော တရုတ်အင်တာနက် အသုံးပြုတွေကတော့ သူ့ရဲ. လုပ်ရပ်ကို ချီးကျူးနေကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*