စစ်ရေးလေ့ကျင့်ပြီးမှ လေယာဉ်မယ်ဖြစ်ခွင့်ရှိတဲ့ လေကြောင်းလိုင်း

တရုတ်နိုင်ငံ Chengdu East Star Airlines College မှာ လေယာဉ်မယ်ဖြစ်ဖို့ သင်တန်းတက်ရတဲ့ ကျောင်းသူတွေဟာ ရုပ်ရည်ချောမော လှပ ၊ နိုင်ငံခြားဘာသာစကား တက် ၊ အထွေထွေ ဗဟုသုတ ရှိရုံနဲ့ မလုံလောက်ပါဘူး ။

ဒီကောလိပ်က သင်တန်းပေးတဲ့ လေယာဉ်မယ်တွေဟာ စစ်သင်တန်းတစ်ခု တက်ရောက်နေရသလို လေ့ကျင့်ခန်းတွေ ပြုလုပ်ရပါတယ်။

သစ်တုံးထမ်းတာ ၊ ဗွက်ထဲမှာ နပမ်းလုံးပြီး ၊ တိုက်ခိုက်ရေးပညာတွေကို လေ့လာရတာ ဒါတွေကို လေ့ကျင့်သင်ကြားပေးပြီး ဒီလေ့ကျင့်ခန်းတွေဟာ လေယာဉ်ပေးမှာ ရန်လိုတက်သူ ၊ ပြန်ပေးဆွဲသူတွေ ပါလာခဲ့ရင် ခရီးသည်တွေကို ကာကွယ်နိုင်ဖို့ အထောက်အကူ ဖြစ်စေမှာ အမှန်ပါပဲ။

သင်ရော ဒီပုံတွေကြည့်ပြီး တရုတ်ပြည်မှာ လေယာဉ်မယ် ဖြစ်ခွင့်ရမယ်ဆိုရင် ဖြစ်ချင်သေးရဲ့လား ?

 

Be the first to comment

Leave a Reply

Your email address will not be published.


*