စစ်ပွဲကာလအတွင်းအသုံးပြုခဲ့တဲ့ကျင်းကို လှပတဲ့ဘားဆိုင်တစ်ခုအဖြစ် ပြောင်းလဲပြုပြင်ခဲ့တဲ့ အဖိုးအို

UK နိုင်ငံ Wolverhampton မြို့ရှိ ၁၉၂၀ ပြည့်နှစ်လောက်က တည်ဆောက်ခဲ့တဲ့ နှစ်လုံးတွဲအိမ်မှာ အသက် ၆၈နှစ်အရွယ် Khandu Patel အမည်ရှိတဲ့အမျိုးသားနှင့် ဇနီးဖြစ်သူတို့ နေထိုင်ကြပါတယ်။

Patel ဟာ ဥယျာဉ်ခြံရှင်းနေတုန်း မြက်ခင်းအောက်ကအပေါက်တစ်ခုကို တွေ့ရှိခဲ့ပြီး ယခင်အိမ်ပိုင်ရှင်က ၎င်းဥယျာဉ်ခြံမှာ ဒုတိယကမ္ဘာစစ်အတွင်း လေကြောင်းစီးနင်းမှုအတွက် ခိုလှုံနိုင်ဖို့ တူးဖော်ခဲ့တဲ့ကျင်းတစ်ခုရှိနေခဲ့တာကို မရိပ်မိခဲ့ပါဘူး။

ထို့နောက် Patel က ၎င်းအပေါက်က ဘာဖြစ်မလဲဆိုတာကို သိရဖို့ Lockdown ကာလအတွင်း Patel နှင့် သူ့မိတ်ဆွေတစ်ဦးက ဥယျာဉ်အတွင်းရှိ ၎င်းအပေါက်ကို သေချာဖွင့်ပြီး အောက်မှာရှိတဲ့အရာကိုကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သူတို့ဟာ မြေကြီးတွေကို တူးထုတ်ပြီးနောက် လှေကားထစ်ပုံစံကို တွေ့လိုက်ရပြီး လှေကားထစ်များတဖြည်းဖြည်းပေါ်တာနှင့်အမျှ သူတို့နှစ်ဦးစလုံးက ပိုပိုပြီး အံ့ဩသွားခဲ့ရပါတယ်။လှေကားထစ်များက ဥယျာဉ်အောက် ၁၀ ပေကျော်လောက်ဆင်းသွားပြီး မြေအောက်မှာ အုတ်နှင့်ကွန်ကရစ်ခင်းပြီးသေချာစွာ ပြုလုပ်ထားတဲ့ အမိုးအကာကိုရှာဖွေတွေ့ရှိသွားခဲ့ကြပါတယ်။

Patel က အဆိုပါအတိတ်ရဲ့ကြောက်စရာကောင်းတဲ့နေရာကို ဘားတစ်ခုအဖြစ်ပြောင်းလဲပစ်ခဲ့ပြီး နံရံများကို ဆေးခြယ်ကာ မီးသီးများပါ တပ်ဆင်ခဲ့ပါတယ်။” သူတို့က ဒါကို စစ်ပွဲကာလအတွင်းအသုံးပြုခဲ့တာ ဖြစ်မယ် ၊ ဒီမြေအောက်ခန်းက လူအယောက် ၄၀ လောက်ဆန့်တယ် ၊

ငါတို့က ဒါကို ဘားအဖြစ်ပြောင်းလဲပစ်ခဲ့တယ် ၊ ဒီနေရာက ငါတို့အနားယူနိုင်တဲ့နေရာဖြစ်မယ် ပြီးကျ့ မိသားစုများလာရင် ဒီနေရာက အဆင်ပြေမှုပေးလိမ့်မယ် “ လို့ Patel ကဆိုခဲ့ပါတယ်။အလားတူ အဖြစ်အပျက်မျိုးကို Hampshire နိုင်ငံ Eastleigh မြို့မှာ တွေ့ရှိခဲ့ဖူးပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*