စက်ဘီးစီးပြိုင်ပွဲတစ်ခုမှာ စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် လူအများအား အံ့အားသင့်သွားစေခဲ့တဲ့ မသန်စွမ်းစက်ဘီးသမားတစ်ဦး

စက်ဘီးစီးပြိုင်ပွဲတစ်ခုမှာ စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် လူအများအား အံ့အားသင့်သွားစေခဲ့တဲ့ မသန်စွမ်းစက်ဘီးသမားတစ်ဦး

သင့်အနေနဲ့ စက်ဘီးစီးတတ်ရင်တော့ စက်ဘီးစီးနည်းကိုကောင်းကောင်းသိနေမှာပါ။ စက်ဘီးနင်းတဲ့အခါ လက်မောင်းတွေကို လွယ်လွယ်မရွေ့နိုင်ရင် စက်ဘီးအား ထိန်းချုပ်ရခက်နိုင်တယ်ဆိုတာကိုလည်း သင်သိနေမှာပါ။ သို့ပေမဲ့ မွေးရာပါလက်များမရှိတဲ့လူတစ်ယောက်အတွက်တော့ စက်ဘီးရဲ့ ဂီယာ ဒါမှမဟုတ် ဘရိတ်ကိုပြောင်းဖို့ ခက်ခဲနေပါလိမ့်မယ်။

သို့ပေမယ့် စက်ဘီးစီးတာက လက်မရှိတဲ့မသန်စွမ်းတွေအချို့အတွက် ခက်ခဲတဲ့အားကစားတစ်ခုလို့ဆိုနိုင်ပေမယ့် အမျိုးသားတစ်ဦးကတော့ ၎င်းကို ထူးချွန်အောင် ကိုင်တွယ်နိုင်ခဲ့ပြီး ပထမတော့ သူ့အတွက်မဖြစ်နိုင်ဘူးလို့ထင်ရရင်တောင် သူဟာ ဘယ်သူမဆိုဖြစ်အောင်လုပ်နိုင်ဆိုတယ်ဆိုတာကို ကမ္ဘာကြီးအား ပြသနိုင်ခဲ့ပါတယ်။

John Kenneth Flores အမည်ရှိ အဆိုပါမသန်စွမ်းစက်ဘီးသမားတစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံ Calinog ပြည်နယ် Iloilo မြို့ရှိ စက်ဘီးပြိုင်ပွဲဖြစ်တဲ့ 1st Mayor FRANCISCO “ICO” L. CALVO Mtb/Xc Race 2021 Calinog ကို ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ထိုနေ့မှာ RJLens အမည်ရှိဓာတ်ပုံဆရာဟာ ပြိုင်ပွဲမှာရှိနေခဲ့ပြီး သူဟာ Flores ရဲ့အမာခံပရိသတ်တစ်ဦးလည်းဖြစ်နေခဲ့ပါတယ်။

ထို့ပြင် သူ့ idol ဖြစ်တဲ့ Flores ရဲ့ပြိုင်ပွဲရှိသီးခြားလျှပ်တစ်ပြက်ဓာတ်ပုံများကို RJLens က သူ့ပို့စ်မှာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။ RJLens ဓာတ်ပုံဆရာရိုက်ယူတဲ့ Flores ရဲ့ ရုပ်လုံးပေါ်ဓာတ်ပုံများကို သင်တွေ့မြင်လိုက်ရပြီးနောက် PWDs (မသန်စွမ်းသူများ)ပင် အားကစားနယ်ပယ်မှာ ထူးချွန်ကြောင်း ကမ္ဘာကြီးအားသက်သေပြနေတာကို တွေ့ရပါလိမ့်မယ်။အဆိုပါပို့စ်က ပျံ့နှံ့သွားခဲ့ပြီးနောက် ထိုအားကစားနယ်ပယ်မှာ အောင်မြင်မှုရရှိခဲ့တဲ့ Flores အတွက် လူအများက ချီးမွမ်းခဲ့ကြပါတယ်။

“မသန်စွမ်းပေမယ့်….. မင်း အကောင်းဆုံး လုပ်နိုင်ခဲ့တယ်!” လို့ Flores ကို သဘောကျတဲ့ ပရိတ်သတ်တစ်ယောက်က မှတ်ချက်ပေးခဲ့ပြီး အချို့သော အင်တာနက်အသုံးပြုသူများက Flores ဟာ စက်ဘီးရဲ့ဘရိတ် (သို့) ဂီယာတွေကို ဘယ်လိုအသုံးပြုလဲဆိုတဲ့အကြောင်းနှင့် ပတ်သက်ပြီး သိချင်ကြောင်း ဖော်ပြခဲ့ကြပေမဲ့လည်း စက်ဘီးကိုထိန်းချုပ်ရန် ကြိုးများနှင့် အထူးပြုကိရိယာများရှိနေကြောင်း Flores ရဲ့လင်းယုန်မျက်လုံးပိုင်ရှင်ပရိတ်သတ်များက ရှင်းပြခဲ့ကြပါတယ်။

ဒါပေမဲ့လည်း လူအများက Flores ရဲ့စိတ်ဓာတ်နှင့် သူ့ရဲ့လုပ်ကိုင်နိုင်စွမ်းကို အတော်လေးအထင်ကြီးနေခဲ့ကြတုန်းပါပဲ!။ထို့ပြင် စက်ဘီးပြုပြင်မွမ်းမံမှုဆိုင်အများစုက အဆင့်မြှင့်တင်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ပေမဲ့လည်း Flores ရဲ့စက်ဘီးမှာပြုလုပ်မဲ့ အထူးပြုပြင်မွမ်းမံမှုများက ၎င်းတို့အတွက် ပိုမိုခက်ခဲနိုင်ကြောင်းလည်း ဖော်ပြခဲ့ကြပါတယ်။

Zawgyi

စက္ဘီးစီးၿပိဳင္ပြဲတစ္ခုမွာ စိတ္အားထက္သန္စြာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီးေနာက္ လူအမ်ားအား အံ့အားသင့္သြားေစခဲ့တဲ့ မသန္စြမ္းစက္ဘီးသမားတစ္ဦး


သင့္အေနနဲ႔ စက္ဘီးစီးတတ္ရင္ေတာ့ စက္ဘီးစီးနည္းကိုေကာင္းေကာင္းသိေနမွာပါ။ စက္ဘီးနင္းတဲ့အခါ လက္ေမာင္းေတြကို လြယ္လြယ္မေ႐ြ႕ႏိုင္ရင္ စက္ဘီးအား ထိန္းခ်ဳပ္ရခက္ႏိုင္တယ္ဆိုတာကိုလည္း သင္သိေနမွာပါ။ သို႔ေပမဲ့ ေမြးရာပါလက္မ်ားမရွိတဲ့လူတစ္ေယာက္အတြက္ေတာ့ စက္ဘီးရဲ႕ ဂီယာ ဒါမွမဟုတ္ ဘရိတ္ကိုေျပာင္းဖို႔ ခက္ခဲေနပါလိမ့္မယ္။

သို႔ေပမယ့္ စက္ဘီးစီးတာက လက္မရွိတဲ့မသန္စြမ္းေတြအခ်ိဳ႕အတြက္ ခက္ခဲတဲ့အားကစားတစ္ခုလို႔ဆိုႏိုင္ေပမယ့္ အမ်ိဳးသားတစ္ဦးကေတာ့ ၎ကို ထူးခြၽန္ေအာင္ ကိုင္တြယ္ႏိုင္ခဲ့ၿပီး ပထမေတာ့ သူ႔အတြက္မျဖစ္ႏိုင္ဘူးလို႔ထင္ရရင္ေတာင္ သူဟာ ဘယ္သူမဆိုျဖစ္ေအာင္လုပ္ႏိုင္ဆိုတယ္ဆိုတာကို ကမာၻႀကီးအား ျပသႏိုင္ခဲ့ပါတယ္။

John Kenneth Flores အမည္ရွိ အဆိုပါမသန္စြမ္းစက္ဘီးသမားတစ္ဦးဟာ ဖိလစ္ပိုင္ႏိုင္ငံ Calinog ျပည္နယ္ Iloilo ၿမိဳ႕ရွိ စက္ဘီးၿပိဳင္ပြဲျဖစ္တဲ့ 1st Mayor FRANCISCO “ICO” L. CALVO Mtb/Xc Race 2021 Calinog ကို ၿပီးခဲ့တဲ့ႏိုဝင္ဘာလမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ထိုေန႔မွာ RJLens အမည္ရွိဓာတ္ပုံဆရာဟာ ၿပိဳင္ပြဲမွာရွိေနခဲ့ၿပီး သူဟာ Flores ရဲ႕အမာခံပရိသတ္တစ္ဦးလည္းျဖစ္ေနခဲ့ပါတယ္။

ထို႔ျပင္ သူ႔ idol ျဖစ္တဲ့ Flores ရဲ႕ၿပိဳင္ပြဲရွိသီးျခားလွ်ပ္တစ္ျပက္ဓာတ္ပုံမ်ားကို RJLens က သူ႔ပို႔စ္မွာ ျပန္လည္မွ်ေဝေပးခဲ့ပါတယ္။ RJLens ဓာတ္ပုံဆရာ႐ိုက္ယူတဲ့ Flores ရဲ႕ ႐ုပ္လုံးေပၚဓာတ္ပုံမ်ားကို သင္ေတြ႕ျမင္လိုက္ရၿပီးေနာက္ PWDs (မသန္စြမ္းသူမ်ား)ပင္ အားကစားနယ္ပယ္မွာ ထူးခြၽန္ေၾကာင္း ကမာၻႀကီးအားသက္ေသျပေနတာကို ေတြ႕ရပါလိမ့္မယ္။အဆိုပါပို႔စ္က ပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္ ထိုအားကစားနယ္ပယ္မွာ ေအာင္ျမင္မႈရရွိခဲ့တဲ့ Flores အတြက္ လူအမ်ားက ခ်ီးမြမ္းခဲ့ၾကပါတယ္။

“မသန္စြမ္းေပမယ့္….. မင္း အေကာင္းဆုံး လုပ္ႏိုင္ခဲ့တယ္!” လို႔ Flores ကို သေဘာက်တဲ့ ပရိတ္သတ္တစ္ေယာက္က မွတ္ခ်က္ေပးခဲ့ၿပီး အခ်ိဳ႕ေသာ အင္တာနက္အသုံးျပဳသူမ်ားက Flores ဟာ စက္ဘီးရဲ႕ဘရိတ္ (သို႔) ဂီယာေတြကို ဘယ္လိုအသုံးျပဳလဲဆိုတဲ့အေၾကာင္းႏွင့္ ပတ္သက္ၿပီး သိခ်င္ေၾကာင္း ေဖာ္ျပခဲ့ၾကေပမဲ့လည္း စက္ဘီးကိုထိန္းခ်ဳပ္ရန္ ႀကိဳးမ်ားႏွင့္ အထူးျပဳကိရိယာမ်ားရွိေနေၾကာင္း Flores ရဲ႕လင္းယုန္မ်က္လုံးပိုင္ရွင္ပရိတ္သတ္မ်ားက ရွင္းျပခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း လူအမ်ားက Flores ရဲ႕စိတ္ဓာတ္ႏွင့္ သူ႔ရဲ႕လုပ္ကိုင္ႏိုင္စြမ္းကို အေတာ္ေလးအထင္ႀကီးေနခဲ့ၾကတုန္းပါပဲ!။ထို႔ျပင္ စက္ဘီးျပဳျပင္မြမ္းမံမႈဆိုင္အမ်ားစုက အဆင့္ျမႇင့္တင္မႈမ်ားကို ကိုင္တြယ္ေျဖရွင္းႏိုင္ေပမဲ့လည္း Flores ရဲ႕စက္ဘီးမွာျပဳလုပ္မဲ့ အထူးျပဳျပင္မြမ္းမံမႈမ်ားက ၎တို႔အတြက္ ပိုမိုခက္ခဲႏိုင္ေၾကာင္းလည္း ေဖာ္ျပခဲ့ၾကပါတယ္။

 

Be the first to comment

Leave a Reply

Your email address will not be published.


*