
စက်ဘီးခြေနှင်းကို တစ်ယောက်တစ်ဖက်နှင်းကာ စီးနင်လာပြီး လူတွေကို စိုးရိမ်ပူပန်မှုဖြစ်စေခဲ့တဲ့ ကောင်လေးငယ်နှစ်ယောက် (ရုပ်သံ)
အခုဖော်ပြပေးမယ့် စက်ဘီးစီးနေတဲ့ ကောင်လေးနှစ်ယောက်ရဲ့ဗွီဒီယိုဟာ ပြန့်နှံ့မှုဖြစ်ပြီး အင်တာနက်အသုံးပြုသူတွေက ထိုကောင်လေးတို့ရဲ့ စက်ဘီးစီးပုံနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများစွာ ထွက်ပေါ်လာခဲ့ပါတယ် ။ အချို့လူတွေကျ ရယ်မောကြပြီး ၎င်းဖျော်ဖြေမှုကို အခြားသူတွေက စိုးရိမ်ပူပန်နေကြပါတယ် ။
ထိုမြင်ကွင်းကို သတိပြုမိတာက စက်ဘီးတစ်စီးကို ၎င်းကောင်လေးနှစ်ယောက်က လမတစ်လျှောက်လုံး တစ်ယောက်တစ်ဖက်စီးနင်းလာတာကို မှတ်တမ်းတင်ခဲ့ပါတယ် ။ ထိုကောင်လေးက တစ်ဦး နဲ့ တစ် ဦး ချောမွေ့စွာ ညှိနှိုင်းနိုင်ကာ ခြေနှင်းကို တစ်ယောက်တစ်ဖက်နှင်းနေကြပါတယ် ။ သူတို့ဟာ ကားနဲ့ မော်တော်ဆိုင်ကယ်တွေကို ရှောင်ရှားနိုင်ခဲ့တာကိုက အံ့သြစရာပင်ကောင်းပါတယ် ။
အချို့သောအင်တာနက်အသုံးပြုသူတွေက ထိုကောင်လေးတို့ရဲ့ လုံခြုံမှုကိုစိုးရိမ်ကြသော်လည်း အခြားသူတွေကမူ ထိုကောင်လေးတို့ရဲ့ ဖန်တီးမှုနည်းလမ်းကို ချီးကျူးဂုဏ်ပြုကြပါတယ် ။ အနည်းငယ်ထူးဆန်းဟန်ရှိသော်လည်း ထိုကောင်လေးတို့ဟာ ကွဲပြားခြားနားတဲ့ဖန်တီးမှုတစ်ခုခုလုပ်ခြင်းအတွက် ချီးမွမ်းခံခဲ့ရပါသေးတယ်။
Zawgyi
Leave a Reply