
စက်ဘီးကိုရေပေါ်မှာ စီးနှင်ပြီး မြစ်ချောင်းတွေညစ်ညမ်းစေတဲ့ ပလပ်စတစ်အမှိုက်များကို ကောက်ယူသိမ်းဆည်းခဲ့တဲ့ အမျိုးသား (ရုပ်သံ)
ပလတ်စတစ်ညစ်ညမ်းမှုဟာ ကမ္ဘာအနှံ့မှာ ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်လာခဲ့ပါတယ် ။ ကံကောင်းထောက်မစွာ ၎င်းကိစ္စကိုကိုင်တွယ်ဖြေရှင်းကူညီပေးနေတဲ့ သက်ဆိုင်ရာလူများ၊ အဖွဲ့အစည်းများ, နဲ့ ပုဂ္ဂလိကကဏ္ဍ ရှိပါတယ် ။ ယခုဖော်ပြပေးမဲ့ Dhruv Boruah အမည်ရှိ စွန့်စားသူတစ်ဦးဟာ လေးစားစရာကောင်းတဲ့လုပ်ရပ်ကို လုပ်ဆောင်ခဲ့ပါတယ် ။
သူ့ရဲ့ရည်ရွယ်ချက်က လန်ဒန်မြို့ မြစ် နဲ့ တူးမြောင်းတွေကို ပလပ်စတစ်စွန့်ပစ်ပစ္စည်းများကိုစုဆောင်းရန်ဖြစ်ပါတယ် ။ ယခုမှာ သူက ညစ်ညမ်းမှုကို တိုက်ဖျက်ရန် သူ့ဟာ ရေပေါ်မှာ စက်ဘီးကိုစီးနှင်ကား ပလက်စတစ်တွေကို လိုက်လံစုဆောင်းခြင်းကြောင့် ပျံ့နှံ့သွားပြီး ဆိုရှယ်မီဒီယာအသုံးပြုသူများ နဲ့ သတင်းရင်းမြစ်များရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ် ။Boruah ဟာ လွန်ခဲ့တဲ့တစ်နှစ်ခန့်က သန့်ရှင်းရေးလုပ်ငန်းများကို စတင်ခဲ့တာပါ ။ ဒီ အသက် ၃၅ နှစိအရွယ် Boruah ဟာ စီမံခန့်ခွဲမှုအတိုင်ပင်ခံအဖြစ်လုပ်ကိုင်ခဲ့ဖူးကြောင်း CNN သတင်းဌာနမှ ကြားသိရပါတယ် ။
နောက်ပိုင်းမှာ သူက သန်းရှင်းလုပ်ငန်းလုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ပါတယ် ။ Boruah က “ ပလပ်စတစ်ဟာ ငါတို့ရှူရှိုက်နေတဲ့လေ၊ ငါတို့သောက်တဲ့ရေ နဲ့ ငါတို့စားတဲ့အစားအစာတွေထဲမှာ ရှိနေတယ် ။ သင့်ရဲ့ ကျန်းမာရေးနဲ့ သင့်ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို သင်ဂရုစိုက်ဖို့ ပလက်စတစ်တွေကို စနစ်တကျနဲ့ ပစ်ပေးပါ ” လို့ ဆိုခဲ့ပါတယ် ။
Zawgyi
စက္ဘီးကိုေရေပၚမွာ စီးႏွင္ၿပီး ျမစ္ေခ်ာင္းေတြညစ္ညမ္းေစတဲ့ ပလပ္စတစ္အမႈိက္မ်ားကို ေကာက္ယူသိမ္းဆည္းခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)
ပလတ္စတစ္ညစ္ညမ္းမႈဟာ ကမာၻအႏွံ႔မွာ ႀကီးမားတဲ့ ျပႆနာတစ္ခု ျဖစ္လာခဲ့ပါတယ္ ။ ကံေကာင္းေထာက္မစြာ ၎ကိစၥကိုကိုင္တြယ္ေျဖရွင္းကူညီေပးေနတဲ့ သက္ဆိုင္ရာလူမ်ား၊ အဖြဲ႕အစည္းမ်ား, နဲ႔ ပုဂၢလိကက႑ ရွိပါတယ္ ။ ယခုေဖာ္ျပေပးမဲ့ Dhruv Boruah အမည္ရွိ စြန႔္စားသူတစ္ဦးဟာ ေလးစားစရာေကာင္းတဲ့လုပ္ရပ္ကို လုပ္ေဆာင္ခဲ့ပါတယ္ ။
သူ႔ရဲ႕ရည္႐ြယ္ခ်က္က လန္ဒန္ၿမိဳ႕ ျမစ္ နဲ႔ တူးေျမာင္းေတြကို ပလပ္စတစ္စြန႔္ပစ္ပစၥည္းမ်ားကိုစုေဆာင္းရန္ျဖစ္ပါတယ္ ။ ယခုမွာ သူက ညစ္ညမ္းမႈကို တိုက္ဖ်က္ရန္ သူ႔ဟာ ေရေပၚမွာ စက္ဘီးကိုစီးႏွင္ကား ပလက္စတစ္ေတြကို လိုက္လံစုေဆာင္းျခင္းေၾကာင့္ ပ်ံ႕ႏွံ႔သြားၿပီး ဆိုရွယ္မီဒီယာအသုံးျပဳသူမ်ား နဲ႔ သတင္းရင္းျမစ္မ်ားရဲ႕အာ႐ုံကို ဖမ္းစားႏိုင္ခဲ့ပါတယ္ ။Boruah ဟာ လြန္ခဲ့တဲ့တစ္ႏွစ္ခန႔္က သန႔္ရွင္းေရးလုပ္ငန္းမ်ားကို စတင္ခဲ့တာပါ ။ ဒီ အသက္ ၃၅ ႏွစိအ႐ြယ္ Boruah ဟာ စီမံခန႔္ခြဲမႈအတိုင္ပင္ခံအျဖစ္လုပ္ကိုင္ခဲ့ဖူးေၾကာင္း CNN သတင္းဌာနမွ ၾကားသိရပါတယ္ ။
ေနာက္ပိုင္းမွာ သူက သန္းရွင္းလုပ္ငန္းလုပ္ကိုင္ရန္ ဆုံးျဖတ္ခဲ့ပါတယ္ ။ Boruah က “ ပလပ္စတစ္ဟာ ငါတို႔ရႉရႈိက္ေနတဲ့ေလ၊ ငါတို႔ေသာက္တဲ့ေရ နဲ႔ ငါတို႔စားတဲ့အစားအစာေတြထဲမွာ ရွိေနတယ္ ။ သင့္ရဲ႕ က်န္းမာေရးနဲ႔ သင့္ကေလးေတြရဲ႕ က်န္းမာေရးအေျခအေနေတြကို သင္ဂ႐ုစိုက္ဖို႔ ပလက္စတစ္ေတြကို စနစ္တက်နဲ႔ ပစ္ေပးပါ ” လို႔ ဆိုခဲ့ပါတယ္ ။
Leave a Reply