
ငွေကြေးအဆင်မပြေသည့်ကြားမှ ပညာရေးကိုကြိုးစားသင်ယူနေရချိန်တွင် အတန်းဖော်သူငယ်ချင်းများက နာမည်ကြီးဖိနပ်တစ်ရံကိုလက်ဆောင်ပေးခဲ့လို့ အတိုင်းမသိပျော်ရွင်သွားခဲ့ရသည့် လူငယ်လေး
ကမ္ဘာကြီးပေါ်တွင် လူသားဆန်လှသော အကြောင်းအရာလေးများကို မြင်တွေ့လိုက်ရလျှင် အလွန်ကြည်နူးကာ ပီတိဖြစ်မိရပါတယ်။တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြင်နာစွာဖြင့် ရိုင်းပင်းကူညီမှသာလျှင် ပျော်ရွင်ဖွယ်ကမ္ဘာကြီး ဖြစ်လာမှာသေချာပါတယ်။
ယခုတွင်လည်း အထက်တန်းကျောင်းသားလေးတစ်ဦးဖြစ်သူ Azie Robinsonဆိုသည်ကောင်လေးဟာ ငွေကြေးအဆင်မပြေသော မိသားစုကဖြစ်ပြီး ပညာရေးကိုပင် သင်ယူနိုင်ရန်အတွက် အခက်အခဲကြားမှ ကြိုးစားနေခဲ့ရတာဖြစ်ပါတယ်။
ထိုအကြောင်းကို သိရှိနေခဲ့သော အတန်းဖော်သူငယ်ချင်းများဟာ မုန့်ဖိုးငွေလေးတွေကို စုပေါင်းပြီး နာမည်ကြီး ဖိနပ်တစ်ရံကို ဝယ်ယူပေးခဲ့ကြပါတယ်။ထို့နောက် ကောင်လေးဟာ ကိုယ်တိုင်ဝယ်ယူရန်မဖြစ်နိုင်သော ဖိနပ်လေးကို သူငယ်ချင်းများက လက်ဆောင်ပေးခဲ့လို့ အပျော်ရွင်ပြီး ကခုန်နေမိခဲ့ပါတယ်။
Zawgyi
ေငြေၾကးအဆင္မေျပသည့္ၾကားမွ ပညာေရးကိုႀကိဳးစားသင္ယူေနရခ်ိန္တြင္ အတန္းေဖာ္သူငယ္ခ်င္းမ်ားက နာမည္ႀကီးဖိနပ္တစ္ရံကိုလက္ေဆာင္ေပးခဲ့လို႔ အတိုင္းမသိေပ်ာ္႐ြင္သြားခဲ့ရသည့္ လူငယ္ေလး
ကမာၻႀကီးေပၚတြင္ လူသားဆန္လွေသာ အေၾကာင္းအရာေလးမ်ားကို ျမင္ေတြ႕လိုက္ရလွ်င္ အလြန္ၾကည္ႏူးကာ ပီတိျဖစ္မိရပါတယ္။တစ္ဦးႏွင့္တစ္ဦး ခ်စ္ခင္ၾကင္နာစြာျဖင့္ ႐ိုင္းပင္းကူညီမွသာလွ်င္ ေပ်ာ္႐ြင္ဖြယ္ကမာၻႀကီး ျဖစ္လာမွာေသခ်ာပါတယ္။
ယခုတြင္လည္း အထက္တန္းေက်ာင္းသားေလးတစ္ဦးျဖစ္သူ Azie Robinsonဆိုသည္ေကာင္ေလးဟာ ေငြေၾကးအဆင္မေျပေသာ မိသားစုကျဖစ္ၿပီး ပညာေရးကိုပင္ သင္ယူႏိုင္ရန္အတြက္ အခက္အခဲၾကားမွ ႀကိဳးစားေနခဲ့ရတာျဖစ္ပါတယ္။
ထိုအေၾကာင္းကို သိရွိေနခဲ့ေသာ အတန္းေဖာ္သူငယ္ခ်င္းမ်ားဟာ မုန္႔ဖိုးေငြေလးေတြကို စုေပါင္းၿပီး နာမည္ႀကီး ဖိနပ္တစ္ရံကို ဝယ္ယူေပးခဲ့ၾကပါတယ္။ထို႔ေနာက္ ေကာင္ေလးဟာ ကိုယ္တိုင္ဝယ္ယူရန္မျဖစ္ႏိုင္ေသာ ဖိနပ္ေလးကို သူငယ္ခ်င္းမ်ားက လက္ေဆာင္ေပးခဲ့လို႔ အေပ်ာ္႐ြင္ၿပီး ကခုန္ေနမိခဲ့ပါတယ္။
Leave a Reply