ငွေကြေးအခက်အခဲကြောင့် ရုန်းကန်နေရသော်လည်း ခွေးပေါက်ကလေးကိုတော့ ပြီးပြည့်စုံအောင် ထားပေးတဲ့ ထီရောင်းသမား

ထီလက်မှတ်ရောင်းချခြင်းဟာ ဗီယက်နမ်နိုင်ငံရှိ Saigon မြို့မှာ အမြဲတွေ့မြင်နေရလေ့ရှိတဲ့အရာတစ်ခုပါ။သို့သော် ၎င်းသည် ဝင်ငွေနည်းပါးပြီး အများအားဖြင့်အခွင့်မသာသည့်နောက်ခံရှိသူတွေသာ ကျင့်သုံးလေ့ရှိပါတယ်။Saigon မြို့ဟာ ကူးစက်ရောဂါလှိုင်းကြောင့် ပြင်းထန်စွာ ရိုက်ခတ်ခံနေရသောကြောင့် ရောင်းသူအများစုဟာ အဆိုပါရပ်ကွက်မှ အထောက်အပံ့များကို လိုအပ်လာခဲ့ကြပါတယ်။

သို့သော် ၎င်းကဲ့သို့သောအခက်အခဲတွေရှိနေပေမဲ့ ထီလက်မှတ်ရောင်းချသူအဘိုးတစ်ဦးဟာ သစ္စာစောင့်သီပြီး အဖော်လည်းဖြစ်စေတဲ့သူ့ရဲ့ခွေးကလေးကို ထောက်ပံ့နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားလုပ်ကိုင်နေတုန်းပါဘဲ။ယခုလအစောပိုင်းက Saigon မြို့ ရှိ ထီရောင်းတဲ့အဆိုပါအဘိုးဟာ online အာရုံစိုက်မှုရဲ့ဗဟိုတစ်ခုလို ဖြစ်လာခဲ့ပါတယ်။

မသန်စွမ်းမှုကြောင့် စကားမပြောနိုင်သလို နားလည်းမကြားနိုင်တဲ့အဆိုပါအဘိုးဟာ Saigon မြို့ရဲ့လမ်းမပေါ်မှာ ကြိုးစားရင်း အလုပ်များနေခဲ့ပါတယ်။Facebook စာမျက်နှာတွေမှာ တော်တော်များများ ဖော်ပြထားတဲ့အဘိုးရဲ့ဓာတ်ပုံများဟာ အင်တာနက်အသုံးပြုသူများရဲ့နှလုံးသားကို ထိမိသွားစေခဲ့ပါတယ်။

တစ်ချိန်တည်းမှာဘဲ လူအများအပြားက ငွေကြေးအခက်အခဲကြားမှ ဂရုစိုက်ခြင်းခံနေရတဲ့ အဘိုးရဲ့ခွေးပေါက်စလေးကိုပါ အာရုံစိုက်မိသွားခဲ့ကြပါတယ်။အဘိုးဟာ သူထီရောင်းနေတုန်း ခွေးလေးအနားယူနိုင်ဖို့ ခွေးလေးအတွက် အိပ်ယာခင်း၊အရုပ်များနှင့် စားစရာအချို့ပါ ဝယ်ထားတတ်ပါသေးတယ်။

အဆိုပါဖြစ်ရပ်လေးဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားပြီးနောက် လူအချို့က အဆိုပါခွေးပေါက်လေးနဲ့ ကိုယ်တွေ့ အတူဆော့ကစားနိုင်ဖို့နှင့် ပိုင်ရှင်ဖြစ်သူအား အကူအညီပေးနိုင်ဖို့အတွက် သူတို့အား အပြင်မှာ ထွက်ရှာလာကြပါတယ်။

လွန်ခဲ့သည့်အပတ်က Saigon မြို့ ရှိ social media influencer တစ်ဦးဖြစ်တဲ့ Trúc Phong Nguyễnက အဆိုပါအဘိုးအား လှူဒါန်းရန်အတွက် VND 75,000,000 (ဒေါ်လာ ၃,၂၅၀) ပမာဏကို ဖေးမပေးနိုင်ခဲ့ကြောင်းကို သူမရဲ့Facebook acc မှာ မျှဝေခဲ့ပါတယ်။

သို့သော် အဘိုးဟာ အနည်းငယ်သောပမာဏကိုသာ လက်ခံခဲ့ပြီး လိုအပ်နေသူအခြားသူများအတွက်လည်း လှူဒါန်းစေလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နှိမ့်ချတဲ့အဘိုးဟာ ကြွယ်ဝချမ်းသာမှုမရှိသော်လည်း သူ့ရဲ့ခွေးပေါက်လေးကို ပြသသည့် ချစ်စရာအပြုအမူများနှင့် အခြားသူများအပေါ် ဂရုစိုက်တတ်ပုံကို ကြည့်ခြင်းအားဖြင့် အဘိုးဟာ သနားကြင်နာတတ်ပြီး ရက်ရောမှုရှိတဲ့လူသားတစ်ယောက်ဆိုတာကို တပ်အပ်ပြောနိုင်ပါတယ်။အဘိုးရဲ့ဇာတ်လမ်းက ကျွန်တော်တို့အားလုံးအတွက် အားနည်းချက်ရှိတဲ့အခြားလူများကို ရှာဖွေဖေးမပေးရန် လှုံ့ဆော်မှုတစ်ခုကို ဖြစ်ပေါ်စေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*