ငွေကြေးမပြည့်စုံကြသေးတဲ့အရွယ်ဆိုပေမဲ့လည်း သူငယ်ချင်းမွေးနေ့ကို အကောင်းဆုံး စီစဉ်ဖန်တီးပေးခဲ့ကြတဲ့ ကောင်လေးများ

ငွေကြေးမပြည့်စုံကြသေးတဲ့အရွယ်ဆိုပေမဲ့လည်း သူငယ်ချင်းမွေးနေ့ကို အကောင်းဆုံး စီစဉ်ဖန်တီးပေးခဲ့ကြတဲ့ ကောင်လေးများ

အသက် 11 နှစ်ပြည့်မွေးနေ့မှာ မိဘတွေက ငွေကြေးမချမ်းသာလို့ မွေးနေ့ပွဲစီစဉ်ကျင်းပပေးခဲ့ခြင်းမရှိခဲ့ပါဘူး ။ သို့ပေမဲ့လည်း သူငယ်ချင်းကောင်းတွေကတော့ သူ့ရဲ့မွေးနေ့လေးကို အမှတ်ရနေကြပြီး မွေးနေ့ Surprise လေး ကျင်းပပေးခဲ့ပါတယ် ။ သူငယ်ချင်းတွေကလည်း ငွေကြေးပြည့်စုံကြတဲ့အရွယ်မဟုတ်ပေမဲ့လည်း သူ့အတွက် cupcakes ၊ ခေါက်ဆွဲ ၊ ပေါင်မုန့် ၊ လိမ္မော်ရည်လေးတွေနဲ့ အတတ်နိုင်ဆုံး Surprise birthday party လေး လုပ်ပေးခဲ့ပါတယ် ။

ဒါ့အပြင် သူ့ရဲ့အသက်ပြည့်တဲ့ 11 နှစ်ဆိုတဲ့ ဖယောင်တိုင်လေးကိုပါ ပြုလုပ်ထားပေးခဲ့ပါသေးတယ် ။ တစ်ကယ့်ကို ငယ်ပေါင်းသူငယ်ချင်းကောင်းလေးတွေရရှိထားတဲ့သူမို့ သူ့ရဲ့ 11 နှစ်ပြည့်မွေးနေ့လေးကိုတော့ တစ်သက်လုံး အမှတ်ရနေမှာ မုချပါပဲလေ ။

#3

#4

#5

#6

#7

Be the first to comment

Leave a Reply

Your email address will not be published.


*