
ငါးဖမ်းသမားတွေဆီကနေ အစာစားရဖို့ စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းနေခဲ့တဲ့ ပင်လယ်ဖျံတစ်ကောင်(ရုပ်သံ)
Argentina နိုင်ငံ Buenos Aires ဒေသရှိ Mar Del Plata ဆိပ်ကမ်းမှာ ငါးဖမ်းသမားများဟာ သူတို့ဖမ်းမိတဲ့ငါးများနှင့်အလုပ်လုပ်နေစဉ် ပင်လယ်ခြင်္သေ့လို့ခေါ်တဲ့ ကိုယ်ထည်ကြီးမားတဲ့ပင်လယ်ဖျံတစ်ကောင်က သူတို့ဆီကနေ အစာစားရဖို့ ဘေးဖက်မှာ စိတ်ရှည်စွာစောင့်ကြည့်နေခဲ့ပါတယ်။
အစပိုင်းတော့ အဆိုပါပင်လယ်ဖျံကြီးဟာ တံငါသည်များနှင့်ဝေးကွာတဲ့ အကွာအဝေးမှာရှိနေခဲ့ပေမဲ့လည်း တဖြည်းဖြည်းချင်း သူတို့နဲ့နီးကပ်ရာသို့ချည်းကပ်လာတာကို တံငါသည်များက သတိပြုမိခဲ့ကြပါတယ်။ဒါကြောင့် တံငါသည်တစ်ဦးက ပင်လယ်ဖျံကြီးကို ငါးတစ်ကောင်ပစ်ပေးလိုက်ပါသေးတယ်။
ပင်လယ်ဖျံကြီးရဲ့ အစာစားရဖို့ စိတ်ရှည်စွာနဲ့ ထိုင်စောင့်နေတဲ့၎င်းဗီဒီယိုဟာ social media ပေါ်မှာ လူသိများသွားခဲ့ပြီးနောက် တံငါသည်များရဲ့သက်ရှိသတ္တဝါများကို အစာများစွာကျွေးမွေးပေးရတာကိုနှစ်သက်ခြင်းက အလွန်ကောင်းမွန်တဲ့အပြုအမူဖြစ်တယ်လို့ Netizen များက ဆိုခဲ့ကြပါတယ်။အဆိုပါဒေသခံတံငါသည်များက ပင်လယ်ဖျံကြီးအား လွတ်လပ်စွာပြုမှုဆက်ဆံခဲ့ခြင်းကြောင့် သူတို့နှင့် ရင်းနှီးမှုတွေရရှိခဲ့ပုံရပါတယ်။
အဆိုပါပင်လယ်ဖျံကြီးတစ်ကောင်ရဲ့ ဇာတိက တောင်အမေရိက ကဖြစ်ပြီး သူတို့ရဲ့သားပေါက်ကောင်များကို Uruguay နိုင်ငံရဲ့ Lobos ကျွန်း၊ Argentina နိုင်ငံရှိ Peninsula Valdes နှင့် Falkland ကျွန်းများမှာ တွေ့နိုင်ပါတယ်။သို့ပေမဲ့ ဒီဥာဏ်ကောင်းတဲ့ ပင်လယ်ဖျံကြီးတစ်ကောင်ဟာ တံငါသည်များက သူ့ကိုအစာတွေကို ကျွေးနိုင်လို့ သူ့အတွက် အကောင်းဆုံးမိတ်ဆွေသစ်ဖြစ်နေတာကို သိနေပုံပါဘဲ။Mar Del Plata ဆိပ်ကမ်းရှိ ပင်လယ်ဖျံတွေကို ဆက်လက်ကျန်းမာနေစေဖို့ မျှော်လင့်မိပါတယ်။
anyway here’s a sea lion waiting patiently for his breakfast from a local fisherman 🐟
source: https://t.co/q3aP2rsBj3 pic.twitter.com/ki6NY2VvPH
— Ian Laking (@IHLaking) April 14, 2019
အရင်အခါက သိပ္ပံပညာရှင်များဟာ ထိုဒေသပတ်၀န်းကျင်မှာနေထိုင်တဲ့ ပင်လယ်ဖျံများရဲ့ ခန္ဓာကိုယ်မှ၎င်းတို့အတွက်အဆိပ်ဖြစ်စေမဲ့ဓာတုပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ကြပါသေးတယ်။
Leave a Reply