“ငါ့လိုအသက်ရှည်ချင်ရင် လက်မထပ်နဲ့ “ဆိုတဲ့ အဖွားအိုတစ်ဦး၏ ၁၀၇နှစ်ပြည့်မွေးနေ့မှ ပြောပြခဲ့သော လက်ဆောင်စကားတစ်ခွန်း

“ငါ့လိုအသက်ရှည်ချင်ရင် လက်မထပ်နဲ့ “ဆိုတဲ့ အဖွားအိုတစ်ဦး၏ ၁၀၇နှစ်ပြည့်မွေးနေ့မှ ပြောပြခဲ့သော လက်ဆောင်စကားတစ်ခွန်း

ကမ္ဘာပေါ်ရှိလူသားတိုင်းသည် အသက်ရှည်စွာဖြင့် ကျန်းမာပျော်ရွှင်ဖွယ်ကောင်းသော ဘဝတစ်ခုကို ပိုင်ဆိုင်လိုကြသည်။

ထိုသို့နေထိုင်လိုသော လူသားများအတွက် အသက်၁၀၇နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံမှ အဖွားအိုတစ်ဦးသည် သူမ၏မွေးနေ့ပွဲတွင် ကျန်းမာစွာ အသက်ရှည်နေထိုင်ရခြင်း၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

အဖွားအိုသည် မွေးနေ့ပွဲတွင် အခြားလူများက အသက်ရှည်ရခြင်းအကြောင်းကို မေးမြန်းသောကြောင့် အသက်ရှည်စွာနေလိုလျှင် ဘယ်တော့မှလက်ထပ်ရန် မစဥ်းစားနှင့်ဟု ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

အဖွားကိုယ်တိုင်သည်လည်း လက်ထပ်ခဲ့ခြင်းမရှိဘဲ အပျိုကြီးဘဝနှင့်နေထိုင်ခဲ့သူဖြစ်သည်။အဖွားအိုသည် လေ့ကျင့်ခန်းများပြုလုပ်လေ့ရှိပြီး ကခုန်ခြင်း အားကစားလုပ်ခြင်းများကိုလည်း ဝါသနာထုံသည်ဟု သိရှိခဲ့ရသေးသည်။

အဖွားအို၏ အသက်ရှည်စွာနေထိုင်ရခြင်း လျှို့ဝှက်ချက်ပြောစကားဟာ အမေရိကန်တစ်နိုင်ငံလုံးအထိပျံနှံသွားကာ အရမ်းပင် ရေပန်းစားလာခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*