ငယ်ရွယ်စဉ်က စောင့်ရှောက်ပေးခဲ့တဲ့အဘိုးအဘွားတို့ရဲ့ကျေးဇူးကို ပြန်ဆပ်နိုင်ရန် ကိုယ်ပိုင် စျေးဆိုင်တစ်ဆိုင် ထူထောင်ခဲ့တဲ့ ကောင်လေး

ထိုင်ဝမ်ရှိ Chiayi County မှ အသက် (၁၆) နှစ်အရွယ် Chen Youan အမည်ရှိကောင်လေးတစ်ယောက်မှာ ညီအစ်ကိုသုံးယောက်ရှိပြီး သူ က အငယ်ဆုံးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့မိခင်ဖြစ်သူက ငယ်ရွယ်သေးတဲ့ Youanအား အခြားသူထံ တမင်တကာ ပေးချင်နေခဲ့ပါတယ်။အဘိုးနှင့်မြေးတို့ရဲ့ နက်ရှိုင်းတဲ့နှောင်ကြိုးကြောင့် အဖိုးဖြစ်သူက Youan အား အခြားသူတစ်ဦး ထံသို့ ပေးရန်ငြင်းဆန်ခဲ့ပြီး Youan ကို သူကိုယ်တိုင် ကျွေးမွေးရန် ဆုံးဖြတ်ခဲ့ပါတယ်။

ထို့နောက် အဘိုးဖြစ်သူဟာ Youan ကို ထောက်ပံ့ရန် စျေးစရောင်းခဲ့ပါတယ်။အသက် (၁၃) နှစ်အရွယ်တုန်းက အငယ်တန်းကျောင်းတက်နေစဉ် Youan ဟာ အဘိုးဖြစ်သူရဲ့ စီးပွားရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ရန် ဈေးထဲရှိ သူ့ရဲ့တင်းကုပ်မှာ ကြက်သွန်ဖြူနှင့်ဂျင်းများကို ကူရောင်းချပေးခဲ့ပါတယ်။

Youan က စျေးရှိ စျေးကွက်မန်နေဂျာထံမှ နှင်ထုတ်ခံခဲ့ရပေမဲ့လည်း သူဟာ ဇွဲလုံးဝ မလျော့ခဲ့ပါဘူး။ဒါကြောင့် လူအများစုရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့ပြီး သူ့ထံမှ ဝယ်သူများ များပြားလာခဲ့ပါတယ်။အခု Youan ဟာ အထက်တန်းကျောင်းတက်နေပါပြီ။ Youan မှာ မိမိရွယ်တူများကဲ့သို့ဇိမ်ခံပစ္စည်းများ မရှိခဲ့ပါဘူး။သူဟာ မိမိကိုယ်ပိုင်ငွေကို ကိုယ်တိုင်ရှာခဲ့သူပါ။ Youan ရဲ့သမိုင်းကိုသိတဲ့ ဒေသခံအရာရှိတစ်ယောက်က သူ့အကူအညီလိုအပ်လားလို့ မေးတဲ့အခါ Youan က ငြင်းဆန်ခဲ့ပါတယ်။

ဘယ်လောက်ပဲကြိုးစား လုပ်ရလုပ်ရ အဘိုးနဲ့အဘွားက ကျွန်တော့်ကို အမြဲတမ်း ထမင်း သုံးနပ် ကျွေးကြောင်း အဲ့တာက သူ့အတွက် လုံလောက်ပြီဖြစ်ကြောင်း Youan က ပြန်ဖြေကြားခဲ့ပါတယ်။အဲဒီအစား သူ့ကို စျေးကွက်ထဲမှာသာ စျေးရောင်းခွင့်ပြုရန် တောင်းဆိုခဲ့ပါတယ်။အခုဆိုရင်တော့ Youanဟာ အဘိုးအဘွားများရဲ့ကြင်နာမှုနှင့် ကျွေးမွေးမှုတို့ကို ကျေးဇူးပြန်ဆပ်နိုင်ရန် ၊ မိသားစုကိုထောက်ပံ့ရန် ဈေးဆိုင်လေးတစ်ဆိုင်ကို ထူထောင်ခဲ့သွားနိုင်ခဲ့ပါပြီ။

Be the first to comment

Leave a Reply

Your email address will not be published.


*