
ငယ်စဉ်က အမှိုက်ပုံးထဲတွင်သာ နေ့စဉ်ဖြတ်သန်းခဲ့ရသည့် ကောင်မလေးက နိုင်ငံခြားသို့ ပညာတော်သင်သွားကာ ဘွဲ့ရပြီး မိန့်ခွန်းပြောကြားရသည်အထိ ကြိုးစားခဲ့တဲ့ ကောင်မလေး
လမ်းဘေးအမှိုက်ပုံများတွင် နေ့စဥ်အမှိုက်ကောင်နေရသည့်ကလေးဟာ သူရဲကောင်းတစ်ဦးလို တိုင်းတစ်ပါးတွင် မိန့်ခွန်းပြောနေမယ်လို့ မည်သူမျှ ထင်မှတ်မိလိမ့်မည်မဟုတ်ပေ။ဆင်းရဲချို့တဲ့သည့် မိသားစုများတွင် ကလေးငယ်တို့ဟာလည်း မိဘတို့အတွက် ဝင်ငွေများရရှိစေရန် ရရာအလုပ်ဖြင့်ကြိုးစားကာ ဝင်ငွေရှာဖွေကြရပေသည်။
ယခုတွင်လည်း ကမ္ဘောဒီးယားနိုင်ငံမှSophy Ronဆိုသည့်ကောင်မလေးသည် ငယ်စဥ်အခါက နေ့စဥ်အမှိုက်ပုံ၌သာ အမှိုက်ကောင်ရင်း ကုန်ဆံးနေခဲ့ရသည်။သို့သော်လည်း ဘဝ၏ဦးတည်ချက်တွေကို မဆုတ်မနစ်ကြိုးစားမှုတွေကြောင့် သြစတေးလျနိုင်ငံ Melbourneတက္ကသိုလ်မှ ပညာသင်ဆုနှင့်အတူ ဘွဲ့ရရှိခဲ့တာဖြစ်ပါတယ်။
ထို့အပြင် ဘွဲ့ယူသည့်အချိန်တွင်လည်း တစ်ကျောင်းလုံး၏ကိုယ်စား ဘွဲ့ရမိန့်ခွန်းကို ပြောကြားခွင့်ရသည်အထိပင် ထူးချွန်သော ကောင်မလေးဖြစ်လာခဲ့ပါတယ်။
Zawgyi
ငယ္စဥ္က အမႈိက္ပုံးထဲတြင္သာ ေန႔စဥ္ျဖတ္သန္းခဲ့ရသည့္ ေကာင္မေလးက ႏိုင္ငံျခားသို႔ ပညာေတာ္သင္သြားကာ ဘြဲ႕ရၿပီး မိန႔္ခြန္းေျပာၾကားရသည္အထိ ႀကိဳးစားခဲ့တဲ့ ေကာင္မေလး
လမ္းေဘးအမႈိက္ပုံမ်ားတြင္ ေန႔စဥ္အမႈိက္ေကာင္ေနရသည့္ကေလးဟာ သူရဲေကာင္းတစ္ဦးလို တိုင္းတစ္ပါးတြင္ မိန္႔ခြန္းေျပာေနမယ္လို႔ မည္သူမွ် ထင္မွတ္မိလိမ့္မည္မဟုတ္ေပ။ဆင္းရဲခ်ိဳ႕တဲ့သည့္ မိသားစုမ်ားတြင္ ကေလးငယ္တို႔ဟာလည္း မိဘတို႔အတြက္ ဝင္ေငြမ်ားရရွိေစရန္ ရရာအလုပ္ျဖင့္ႀကိဳးစားကာ ဝင္ေငြရွာေဖြၾကရေပသည္။
ယခုတြင္လည္း ကေမာၻဒီးယားႏိုင္ငံမွSophy Ronဆိုသည့္ေကာင္မေလးသည္ ငယ္စဥ္အခါက ေန႔စဥ္အမႈိက္ပုံ၌သာ အမႈိက္ေကာင္ရင္း ကုန္ဆံးေနခဲ့ရသည္။သို႔ေသာ္လည္း ဘဝ၏ဦးတည္ခ်က္ေတြကို မဆုတ္မနစ္ႀကိဳးစားမႈေတြေၾကာင့္ ၾသစေတးလ်ႏိုင္ငံ Melbourneတကၠသိုလ္မွ ပညာသင္ဆုႏွင့္အတူ ဘြဲ႕ရရွိခဲ့တာျဖစ္ပါတယ္။
ထို႔အျပင္ ဘြဲ႕ယူသည့္အခ်ိန္တြင္လည္း တစ္ေက်ာင္းလုံး၏ကိုယ္စား ဘြဲ႕ရမိန္႔ခြန္းကို ေျပာၾကားခြင့္ရသည္အထိပင္ ထူးခြၽန္ေသာ ေကာင္မေလးျဖစ္လာခဲ့ပါတယ္။
Leave a Reply