
ငယ်စဉ်ကတည်းကပင် လက်နှစ်ဖက်လုံးကို ဆုံးရှုံးခဲ့ရသော်လည်း ဘဝကိုအရှုံးမပေးဘဲ လူတိုင်း၏လေးစားအားကျရသော စားဖိုမှုးတစ်ဦးဖြစ်လာအောင် ကြိုးစားပြခဲ့သည့် ကောင်မလေး
လူတိုင်းသည် ဘဝ၏ကံတရားများအရ နေ့စဥ်လှုပ်ရှားကာ ကြိုးပမ်းနေရပေသည်။အချို့သည် ဘဝတစ်ခုကို လွယ်ကူစွာဖြင့် ပုံမှန်ဖြတ်သန်းနိုင်ခဲ့သော်လည်း အချို့သည် လွယ်ကူမှုတစ်ခုရရှိရန် အရာရာကို ကြိုးစားဆောက်ရွက်နေရပေသည်။
ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ အသက်၃၁နှစ်အရွယ် အမျိုးသမီးသည် ဘဝ၏အခက်အခဲဆုံးသောအချိန်များကို ဖြတ်သန်းပြီးနောက်တွင် အောင်မြင်မှုကို ရရှိလာခဲ့ပြီဖြစ်ပါတယ်။
သူမဟာ အသက်၁၁နှစ်အရွယ်တွင် ကံတရားတစ်ခုကြောင့် လက်နှစ်ဖက်လုံးကို ဆုံးရှုံးခဲ့ရပါတယ်။ထို့နောက်တွင်လည်း သူမဟာ ဘဝကို အရှုံးမပေးဘဲ ကြိုးစားခဲ့သည်။
ဟော်တယ်များတွင် မုန့်ဖုတ်ခြင်း အချက်အပြုတ်ပြုလုပ်ခြင်းများကို ဝင်ရောက်လုပ်ကိုင်ချင်းဖြင့် လုပ်ငန်းတွင် ကျွမ်းကျင်လာခဲ့သည်။
ထို့ကြောင့် အခုချိန်တွင် အမျိုးသမီးဟာ လူတိုင်း၏လေးစားအားကျရသော စားဖိုမှုးနည်းပြတစ်ဦးပင် ဖြစ်လာခဲ့ပါတယ်။
Leave a Reply