
ငယ်စဉ်ကတည်းကပင် ဆိုးတူကောင်းဖက် ပေါင်းသင်းလာခဲ့သော သူငယ်ချင်းအရင်းကြီးက မင်္ဂလာဆောင်သွားသောကြောင့် မင်္ဂလာပွဲတွင် သူငယ်ချင်းကိုဖက်ပြီး အော်ငိုနေခဲ့သည့်ကောင်မလေး
သူငယ်ချင်းဆိုသည်မှာ ဆိုးတူကောင်းဖက် အရာရာကို တွေးတောနားလည်ပေးပြီး အခက်အခဲများကို ကူညီဖြေရှင်းပေးသူများဖြစ်ပေသည်။ငယ်ရွယ်သောဘဝတစ်ခုတွင် သူငယ်ချင်းများနှင့် ဘဝ၏ပျော်ရွင်စရာကောင်းသော အရာများကို ဖြတ်သန်းနေချိန် သူငယ်ချင်းတစ်ဦးက လက်ထပ်မှုပြုလုပ်သွားခဲ့လျှင် အနည်းငယ်တော့ စိတ်မကောင်ဖြစ်တတ်ကြရသည်။
အိမ်ထောင်ရှင်ဖြစ်သွားခဲ့လျှင် သူငယ်ချင်းများအတွက် အချိန်မပေးနိုင်တော့ဘဲ မိသားစု၏အရေးများကိုသာ ဦးစားပေးရတော့မည်ဖြစ်ပေသည်။ထို့ကြောင့် ကောင်မလေးတစ်ဦးဟာလည်း သူငယ်ချင်းမင်္ဂလာဆောင်သွားခဲ့သောအခါ သူမတစ်ယောက်တည်း ကျန်နေခဲ့သောကြောင့် အရမ်းဝမ်းနည်းနေခဲ့သည်။
မင်္ဂလာပွဲကျင်းပနေချိန်တွင် ဝမ်းနည်းနေမှုကို မခံစားနိုင်တော့ဘဲ သူငယ်ချင်းသတိုးသမီးကိုဖက်ကာ ကလေးတစ်ဦးလို အော်ငိုနေခဲ့ပါတယ်။
Leave a Reply