
ဂိမ်းStreamerဖြစ်သော်လည်း အရည်အချင်းကြောင့်မဟုတ်ပဲ ရုပ်ဆိုးပြီး ဘေးနားကချစ်သူအချောလေးကြောင့် နာမည်ကြီးလာသော အမျိုးသား
ဂိမ်း Streamer တစ်ဦးဖြစ်ရန် အားပေးထောက်ခံသော ပရိတ်သတ်များများရှိမှသာ အဆင်ပြေနိုင်ပြီး စကေးကောင်းရင်ကောင်း မကောင်းရင် ရုပ်ကလေးချောနေမှသာ အာရုံစိုက်စိတ်ဝင်စားခြင်းကို ရရှိမည်ဖြစ်သည်။
သို့ဖြစ်၍ ဂျပန်နိုင်ငံမှ Paru အမည်ရှိသော အသက် ၂၄နှစ်အရွယ် ဂိမ်း Streamer ကောင်လေး တစ်ဦးသည် လူမှုကွန်ယက်တွင် အတော်လေးနာမည်ကြီး ရေပန်းစားလျက် ရှိရာ သူဧ။်အရည်အချင်းကြောင့်လည်း မဟုတ် ရုပ်ရည်ချောမောခြင်းကြောင့်လည်း မဟုတ်ပဲ ဘေးနားက ချစ်သူမိန်းကလေးအချောလေးကို ပိုင်ဆိုင်ထားခြင်းကြောင့်သာ ဖြစ်သည်။
ကောင်လေးသည် အလေးချိန် ၁၂၀ကီလိုဂရမ်နှင့် အဝလွန်ကာ ရုပ်ဆိုးဆိုးဖြစ်နေသော်လည်း ရထားသော ချစ်သူမိန်းကလေးမှာ ချစ်စရာကောင်းသည့်အပြင် paruဧ။် အသုံးစရိတ်ကို ထောက်ပံ့ပေးပြီး စားချင်တာများ လိုချင်တာများကိုလည်း ငြိုငြင်ခြင်းမရှိပဲ အမြဲဝယ်ပေးလျက်ရှိသည်။
Paruသည် live streamတွင် သူဧ။် ချစ်သူကောင်မလေးနှင့် အမြဲလိုလိုမိတ်ဆက်ပေးခြင်းဖြင့် ကြည့်ရှုသူပရိတ်သတ်အချို့က အားကျကြပြီး အချို့ကျ သူကရုပ်ဆိုးပြီး ကောင်မလေးကအချောလေးဖြစ်နေ၍ လိုက်တောင်မလိုက်ဟု ဆိုကြကာ အမျိုးမျိုး ဝေဖန်ကြသည်။
Zawgyi
Leave a Reply