ဂိမ်းအသစ်ကို စမ်းဆော့ကြည့်နိုင်ဖို့အတွက် ရုပ်ရှင်ရုံတစ်ခုလုံးကို ဌားရမ်းပစ်ခဲ့တဲ့ gamerအမျိုးသား

ပြီးခဲ့တဲ့လအစောပိုင်းက စတင်မိတ်ဆက်ခဲ့တဲ့ Xbox Series X နှင့် PlayStation 5 ဂိမ်းအသစ်ကို ကိုင်တွယ်ဖို့ခက်ယှဉ်းပေမဲ့ စင်ကာပူနိုင်ငံရှိသူငယ်ချင်းအုပ်စုတစ်စုဟာ ဂိမ်းကစားနည်းအဆင့်မြင့်တင်ရင်း ၃နာရီအကြာ ဂိမ်းကစားဖို့ ရုပ်ရှင်ရုံတစ်စုလုံးကို ဌားရမ်းပစ်ခဲ့ကြပါတယ်။

စင်္ကာပူနိုင်ငံမှာနေထိုင်တဲ့ သူတို့ထဲက Les အမည်ရှိအမျိုးသားတစ်ဦးက သူဟာ တစ်နေ့တစ်နေ့ ပျင်းနေရပြီး အတွေ့အကြုံအသစ်လည်းလိုချင်တာကြောင့် အဲ့ဒီစိတ်ကူးကို တွေးခဲ့မိကြောင်းဆိုထားပါတယ်။သူက onlineတက်နေတုန်း မလေးရှားနိုင်ငံနဲ့ United Kingdom မှာတောင် ဂိမ်းကစားဖို့ ရုပ်ရှင်ရုံကို ဌားနိုင်တာကြောင့် စင်္ကာပူနိုင်ငံရဲ့ရုပ်ရှင်ရုံအားလုံးနီးပါးကို အီးမေးလ်စမ်းပို့ခဲ့တာပါ။သူ့အစီအစဉ်မအောင်မြင်တော့ဘူးလို့ ထင်ခဲ့ရပေမဲ့ ရုပ်ရှင်ရုံတစ်ခုက သူ့အား ပြဇာတ်တစ်ခုမှာ ၃နာရီစာပါဝင်ပြီး အခမဲ့ပေါက်ပေါက်အပါကို အမေရိကန်ဒေါ်လာ (၄၃၀,၀၀၀ ကျပ်)နဲ့ ဌားပေးခဲ့ပါတယ်။

နိုဝင်ဘာလ ၁၄ရက်မှာ သူ့တစ်ယောက်ထဲ ကြီးမားတဲ့TVဖန်သားပြင်နဲ့စမ်းကစားခဲ့ပြီး Lesဟာ နိုဝင်ဘာ ၂၁မှာတော့ သူ့ချစ်သူနဲ့နောက်သူငယ်ချင်းနှစ်ယောက်နဲ့ အတူတူ ဂိမ်းကစားခဲ့ကြပါတယ်။Lesက Call of Duty ဒါမှမဟုတ် Star Wars: Battlefront ဂိမ်းကို screen ကြီးမှာကစားချင်ပေမဲ့ သူ့သူငယ်ချင်းတွေက အကြမ်းဖက်ဂိမ်းတွေမကစားတတ်တော့ အခက်တွေ့ခဲ့ကြောင်းလည်းဆိုထားပါတယ်။စင်္ကာပူရဲ့COVID-19 စည်းကမ်းအရ ရုပ်ရှင်ရုံမှာ ၅ယောက်ဘဲရှိရပြီး သူတို့အားလုံးက maskတပ်ထားရမယ်လို့သတ်မှတ်ထားတာပါ။

Lesက ခြုံငုံပြီးပြောရရင် ရုပ်ရှင်ရုံscreen က အိမ်ကTVထက် လေးဆပိုကြီးပြီး ကြီးမားတဲ့အသံမြည်စနစ် နဲ့ မျက်နှာပြင်တို့ကြောင့် ဂိမ်းကစားရတာအရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်တဲ့။Lesက အရမ်းကို သဘောကျတဲ့အတွက် သူတို့ဓာတ်ပုံတွေကို တင်ခွင့်မရှိပေမဲ့ Facebookပေါ်တင်ခဲ့တာကြောင့် စင်္ကာပူနိုင်ငံရဲ့ social media မှာ ပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ လူငယ်အချို့ကလည်း အဲ့လို tryကြည့်ချင်တယ်လို့ ပြောဆိုလာကြပါတယ်။

”COVID-19 ပြီးရင် ဒီအစီအစဉ်ကို အထူးသဖြင့် screen ကြီးကြီးနဲ့ကစားချင်သူတွေအတွက် ဆက်လက်လုပ်သင့်တယ်လို့ကျွန်တော်ထင်တယ် ဒါက တကယ့်ကို အံ့ဩစရာကောင်းတဲ့အတွေအကြုံပါ ကစားချင်တော့ tryကြည့်လိုက်ပါ”လို့ Lesက တစ်ခြား gamerတွေအတွက် ဆိုထားခဲ့ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*