ဂိမ်းဆော့နေတာ မပြီးသေးလို့ မင်္ဂလာပွဲကို မလာတဲ့ သတို့သမီးလောင်းကို ဂိမ်းဆိုင်ထဲကနေ ဆွဲထုတ်ခေါ်ဆောင်ရ

တရုတ်နိုင်ငံက သတို့သမီးတစ်ဦးဟာ မင်္ဂလာပွဲကျင်းပဖို့ သိပ်မလိုတော့တဲ့ အချိန်ထိ ဂိမ်းဆိုင်ထဲမှာ သတို့သမီးဝတ်စုံနဲ့ ဂိမ်းကစားနေခဲ့ပါတယ်။ သူမက နာမည်ကြီး အွန်လိုင်းဂိမ်းဖြစ်တဲ့ League of Legends ကိုဆော့နေတာပါ။

မင်္ဂလာပွဲချိန်ရောက်လာပေမယ့် သူမကစားနေတဲ့ ဂိမ်းက မပြီးသေးတာမို့ မင်္ဂလာပွဲကို မသွားနိုင်သေးပဲ ဖြစ်နေတာပါ ။ အဲ့ဒီသတို့သားနဲ့ နှစ်ဖက်မိဘတွေက ဘယ်လိုမှ ဆက်သည်းမခံနိုင်တော့ပဲ ၊ သူမကို မင်္ဂလာပွဲသွားဖို့ ဖြောင်းဖြပေမယ့် သူမက ဂိမ်းကို ပြီးသည်ထိ ကစားမယ်လို့ တောင်းဆိုနေပါတယ်။ သတို့သားရဲ. မိခင်က ချော့မော့ခေါ်သလို ၊ သတို့သားဖခင်ကလည်း မင်းမိန်းမကို မင်းမနိုင်ဘူးလားကွ ဆိုပြီး မဆီမဆိုင် သတို့သားကို ဟိန်းဟောက်နေပါသေးတယ်။

နောက်ဆုံးမှာတော့ ဘယ်လိုမှ ဂိမ်းဆက်ကစားဖို့ ခွင့်မပြုနိုင်တော့တာကြောင့် လူအုပ်ကြီးဟာ သတို့သမီးကို ဂိမ်းဆိုင်ထဲကနေ မင်္ဂလာပွဲ အခမ်းအနားဆီကို ဆွဲထုတ်သွားခဲ့ကြရပါတယ်။ သတို့သမီးကတော့ အော်ဟစ်ဆဲဆိုရင်း ပါသွားရှာပါတယ်။ တစ်သက်လုံး အမှတ်ရနေကြမယ့် မင်္ဂလာပွဲတစ်ခုပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*