ခွေးလေးတွေအတွက် ဇိမ်ခံပစ္စည်းတွေအပြည့်အစုံပါတဲ့အဆင့်မြင့်နှစ်ထပ်အိမ်တစ်လုံးဆောက်လုပ်ပေးခဲ့တဲ့ အမျိုးသား (ရုပ်သံ)

တရုတ်နိုင်ငံရှိ အမျိုးသားတစ်ဦးဟာ သူ့ရဲ့အချစ်တော်ခွေးလေးတွေအတွက် ဇိမ်ခံပစ္စည်းတွေအပြည့်ပါတဲ့အဆင်မြင့်နှစ်ထပ်အိမ်ကိုဆောက်လပ်ပေးခဲ့ပါတယ်။

 

တရုတ် Social media မှာ တင်ထားတဲ့ဗီဒီယိုထဲကအရ အဆိုပါအမျိုးသားဆောက်လုပ်ပေးထားတဲ့အထူးနှစ်ထပ်ခွေးအိမ်ထဲမှာ အပြည့်အဝအလုပ်လုပ်ပေးနိုင်တဲ့လေအေးပေးစက်တစ်လုံးတပ်ဆင်ထားတဲ့အပြင် နေရောင်ခြည်စွမ်းအင်ကိုသုံးပြီး ခြင်တွေကိုသတ်ပေးနိုင်တဲ့စက် နဲ့ အပြည့်အဝလည်ပတ်နေတဲ့ရေနုတ်မြောင်းစနစ်ကိုပါ တပ်ဆင်ထားပါသေးတယ်။

အဆိုပါအမျိုးသားဟာ ခွေးအိမ်ထဲက ဘယ်လိုလျှပ်စစ်ပစ္စည်းတွေထဲကိုမဆို လုံခြုံရေးကိရိယာတွေထည့်သွင်းပေးထားပြီး ခွေးလေးတွေအတွက် အလိုအလျောက်အစားကျွေးပေးတဲ့စက်ပါ ထည့်သွင်းပေးထားပါသေးတယ်။AsianCrush မှမျှဝေတဲ့ဗီဒီယိုမှာတွေ့ရတဲ့အတိုင်း ခွေးလေးတွေက ညနေပိုင်းရေချိုးခန်းသွားချင်ခဲ့ရင်တော့ အိမ်တွင်းမှာလည်း မီးအလင်းရောင်တွေ ပါရှိနေပါတယ်။

 

ဒီအဆင့်မြင့်ခွေးအိမ်ရဲ့အခြားသာယာအဆင်ပြေမှုတွေကတော့ ရေကူးကန်၊လုံခြုံရေးကိုစီမံပေးတဲ့စက်ရုပ်တစ်လုံး၊ရုပ်ရှင်ကြည့်တဲ့နေရာ၊ spa အခန်းငယ်တစ်ခန်း၊ ငရုတ်သီး နဲ့ Wasabi မှုန့်တွေကိုသန့်ရှင်းပေးတဲ့စက်ရုပ် တို့ဘဲ ဖြစ်ပါတယ်။

ခွေးလေးတွေက ကစားတာ ဒါမှမဟုတ် ကိုက်ဖြတ်တာတွေလုပ်ခဲ့ရင် သန့်ရှင်းရေးစက်ရုပ်က တားဆီးပေးလိမ့်မယ်လို့ အဆိုပါအမျိုးသားက ဆိုထားပါသေးတယ်။ခွေးလေးတွေကတော့ ချစ်တတ်လွန်းတဲ့သခင်ကို ပိုင်ဆိုင်ထားရတော့ အတော်လေးစိတ်ချမ်းသာနေပုံပါဘဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*