
ခွေးလေးတွေရဲ့ အစာအပေါ်ထားတဲ့စိတ်ခံစားချက်တို့ကို ဖမ်းယူရိုက်ပြခဲ့တဲ့ ဓာတ်ပုံဆရာ
ဓာတ်ပုံဆရာ Christian Vieler ဟာ ခွေးလေးတွေရဲ့ အလွန်ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံတွေရဖို့ ၎င်းတို့ရဲ့အစားစာချိန်ကို အသုံးချခဲ့ပါတယ်။ Vieler က ခွေးလေးတွေအား အစာပစ်ကျွေးပြီး လေထဲဝဲနေတဲ့အစာတုံးကို လိုက်ဖမ်းစားနေတဲ့ခွေးလေးရဲ့ဓာတ်ပုံကို ရိုက်ကူးယူခဲ့ပါတယ်။
ခွေးလေးတွေရဲ့ အံ့ဩစရာကောင်းတဲ့မျက်နှာတွေပေါ်မှ ခံစားချက်တွေကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ဖတ်ရှုနိုင်တဲ့အတွက် Vieler ရဲ့ရိုက်ချက်တွေက ခွေးတစ်ကောင်စီရဲ့ထူးခြားတဲ့ကိုယ်ရည်ကိုယ်သွေးတွေကို ထုတ်ဖော်ပြသနေပါတယ်။Vieler ဟာ ခွေးလေးတွေရဲ့ အဆိုပါတုံ့ပြန်မှုတွေကို ၂၀၁၃ခုနှစ်ကတည်းက မှတ်တမ်းတင်ရိုက်ကူးခဲ့ပြီး အခုချိန်မှာတော့ ၎င်းတို့အားလုံးအား Treat ဆိုတဲ့စာအုပ်ဖြင့် စုဆောင်းထုတ်ဝေထားပါတယ်။
ခွေးလေးရဲ့မျက်နှာအနေအထားတွေကတော့ မြင်သူတိုင်းကို ရယ်မောသွားစေမှာပါ။Vieler ဟာ Facebook နဲ့ Instagram မှာ ပရိသတ်အခိုင်အမာရရှိထားပြီး သူ့ရဲ့နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ဓာတ်ပုံတွေကို လူအများက အမြဲစောင့်ဆိုင်းနေလျက်ရှိပါတယ်။ဒါဆို ခွေးလေးတွေရဲ့ ဘယ်ပုံက ချစ်ဖို့ကောင်းပြီး ဘယ်ပုံက ရယ်စရာကောင်းနေလဲဆိုတာကို သိရဖို့ ဆက်လက်ကြည့်ရှုသွားခဲ့ကြပါအုံးနော်။
#5
#6
#7
#8
#9
#10
#11
#12
#13
#14
#15
#16
#17
#18
#19
#20
#21
#22
#23
#24
#25
#26
#27
#28
Leave a Reply