
အိန္ဒိယပြည်နယ် Punjab မှာဖြစ်ပွားခဲ့တာပါ။ခွေးပေါက်လေးနှစ်ကောင် ရေတွင်းထဲကို ရုတ်တရက်ပြုတ်ကျသွားခဲ့တယ်။ရေတွင်းက အရမ်းနက်တော့ သူတို့လေးတွေလည်းပြန်မထွက်တတ်ဘူးပေါ့။သူတို့အမေကြီး အဆက်မပြတ်ဟောင်မှ သူတို့ပိုင်ရှင်တွေသတိထားမိသွားတယ်။
ရေတွင်းထဲ ငုတ်ကြည့်တော့ ကြက်သီးထစရာကြီးခွေးပေါက်နှစ်ကောင်ဘေးနားမှာ မြွေဟောက်တစ်ကောင်ရှိနေတယ်။ အ့ံသြစရာကောင်းတာက သူတို့ကိုမြွေဟောက်က အန္တရာယ်မပေးဘူး။ဒီ့အပြင်ရေတွင်းထဲက အန္တရာယ်ရှိတဲ့ရေတွေရန်ကနေတောင် ကာကွယ်ပေးနေတဲ့ပုံပါပဲ။ခွေးပေါက်လေးတွေ ရေတွင်းထဲမှာ ၄၈နာရီကြာအချိန်ကုန်ဆုံးခဲ့တယ်။ကယ်ထုတ်ပေးဖို့ အာဏာရှိသူတွေရောက်လာတော့ မြွေကရေတွင်းတစ်ဖက်ခြမ်းကို နေရာရွေ့သွားသတဲ့။ခွေးပေါက်လေးတွေ လုံးဝဒဏ်ရာမရခဲ့ပါဘူး။ မြွေကိုလည်းဖမ်းပြီိးတောထဲပြန်လွှတ်ပေးခဲ့ပါတယ်။
ကမ္ဘာ့ကြောက်စရာအကောင်းဆုံး သတ္တဝါတောင် အန္တရာယ်ရှိရင် ကာကွယ်ပေးရကောင်းမှန်းသိတယ်ဆိုတော့ ဒီဖြစ်စဉ်လေးကိုကြည့်ပြီးစိတ်ကြည်နူးမိမယ်လို့ မျှော်လင့်ပါတယ်။
Leave a Reply