ခွေးတွေရဲ့မလှုပ်မယှက်တမ်းအိပ်မောကျနေတဲ့ပုံစံကြောင့် အထင်လွဲပြီး ငိုပွဲဆင်နွဲခဲ့ရတဲ့ ပိုင်ရှင်

အခုတစ်ခေါက်မှာတော့ ကောင်လေးတစ်ယောက်ဟာ အမေဖြစ်သူနဲ့အပြင်သွားပြီး ပြန်လာတော့ မလှုပ်မယှက်ဘဲ လဲနေတဲ့အချစ်တော်ခွေးလေးနှစ်ကောင်ကို မြင်ပြီးပြီးချင်း သေပြီလို့ထင်ရင်း ဝမ်းနည်းပက်လက်နဲ့ငိုချပစ်ခဲ့ပါတယ်။ခွေးလေးတွေအပေါ် သူ့ဘယ်လောက်တောင် ခံစားချက်နက်ရှိုင်းပြီး ချစ်နေလိုက်မလဲဆိုတာကို တွေ့ကြမှာပါ။

တစ်ကယ်တော့ ခွေးလေးနှစ်ကောင်က အိပ်ပျော်နေခဲ့တာပါ။ဖြူစင်တဲ့ကလေးတွေရဲ့စိတ်ထားက အရမ်းနုရွတာမို့ သူတို့တန်ဖိုးထားချစ်မြတ်နိုးတဲ့အရာတွေကို အခြားလူတွေအား ပေးမကိုင် ၊ ပေးမထိချင်ကြသလို ၎င်းအရာတွေကို အဆုံးရှုံးခံလိုက်ရရင်လည်း ဝမ်းနည်းပက်လက်နဲ့ ငိုကြွေးနေတတ်ကြပါတယ်။

အခုကောင်လေးကို ကြည့်ရင်း ကလေးတစ်ယောက်မှာလည်း ချစ်တတ်တဲ့နှလုံးသားကို အစောကြီးပိုင်ဆိုင်ထားနိုင်တာကို အရှင်းသားမြင်တွေ့ကြရမှာပါ။

#4

#5

#6

#7

Be the first to comment

Leave a Reply

Your email address will not be published.


*