ခွေးတစ်ကောင်အား ဝံပုလွေလို့အမည်တပ်ကာ လှောင်အိမ်ထဲသို့ အစားထိုးထည့်သွင်းထားခဲ့တဲ့ တိရိစ္ဆာန်ရုံ(ရုပ်သံ)

ခွေးတစ်ကောင်အား ဝံပုလွေလို့အမည်တပ်ကာ လှောင်အိမ်ထဲသို့ အစားထိုးထည့်သွင်းထားခဲ့တဲ့ တိရိစ္ဆာန်ရုံ(ရုပ်သံ)

တရုတ်နိုင်ငံရှိ တိရိစ္ဆာန်ရုံတစ်ရုံဟာ ဝံပုလွေအဖြစ် ခွေးတစ်ကောင်အား သွတ်သွင်းရန် ကြိုးစားခဲ့ပုံရပါတယ်။တရုတ်နိုင်ငံ Hubei ပြည်နယ်၊ Xianning မြို့ ရှိ Xiangwushan တိရစ္ဆာန်ရုံသို့ အလည်သွားခဲ့တဲ့ အမျိုးသားတစ်ဦးက မျှဝေထားတဲ့ဗီဒီယိုဖိုင်ထဲအရ ဝံပုလွေအစား Rottweiler အမျိုးအစား ခွေးလေးတစ်ကောင်ဟာ လှောင်အိမ်ထဲမှာ လဲလျောင်းနေခဲ့ပါတယ်။

အဆိုပါအမျိုးသားကလည်း ထိုခွေးဆီသို့ ချဉ်းကပ်ကာ သူက “ မင်းက ဝံပုလွေလား ” လို့ စနောက်ရင်း မေးမြန်းခဲ့ပါသေးတယ်။အင်တာနက်သုံးစွဲသူတို့က ထူးဆန်းလွန်းတဲ့ပြောင်းလဲမှုကို လှောင်ပြောင်ခဲ့ကြခြင်းကြောင့် အဆိုပါဗီဒီယိုဖိုင်ဟာ ချက်ချင်းပင် လူသိများပျံ့နှံ့သွားခဲ့ပါတယ်။

“ အနည်းဆုံးတော့ husky လေးကို ထည့်သင့်တယ်” ၊ “ အေးဟ ခွေးနဲ့ဝံပုလွေက အမျိုးစပ်နေလို့ နေမှာ” ၊ “ တိရိစ္ဆာန်ရုံက ‘canine enclosure’ လို့ ပြောင်းလိုက်ရမှာ ” လို့ လူအများက နောက်ပြောင်ခဲ့ကြပါတယ်။ Beijing News သတင်းအရ ဗီဒီယိုကလစ်ကို ရိုက်ကူးခဲ့တဲ့ Mr Xu က လှောင်အိမ်အတွင်း ခွေးဘာကြောင့်ရှိနေရတာလဲဆိုတာကို တိရိစ္ဆာန်ရုံရှိဝန်ထမ်းများအား မေးမြန်းခဲ့ပြီး ဝံပုလွေဟာ ထိုနေရာမှာ ယခင်ကနေထိုင်ခဲ့ဖူးသော်လည်း ၎င်းဟာ အသက်ကြီးလို့ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ဝန်ထမ်းတစ်ဦးက အဆိုပါခွေးဟာ ယခင်က ၎င်းနေရာမှာရှိခဲ့တဲ့ဝံပုလွေက ဝမ်းနည်းစွာသေဆုံးသွားသည့်အထိ အတူရှိနေခဲ့ပြီး ခွေးလေးက စောင့်ကြည့်ဧရိယာမှာ ယခင်ကတည်းက ရှိနေခဲ့ကြောင်း Global Times သတင်းသို့ ပြောကြားခဲ့ပါတယ်။အမည်မဖော်လိုသူ ဝန်ထမ်းများကလည်း တိရိစ္ဆာန်ရုံဟာ ငွေရေးကြေးရေးအရ ကောင်းစွာမလည်ပတ်နိုင်ခြင်းနှင့် တိရိစ္ဆာန်ရုံအား ကောင်းစွာ ဆက်လက်လည်ပတ်နိုင်ရန် လာရောက်လည်ပတ်သူများ အလုံအလောက်မရှိကြောင်း ပြောကြားခဲ့ပါတယ်။

အခုလုပ်ရပ်က တိရိစ္ဆာန်ရုံရှိ တိရိစ္ဆာန်တစ်ကောင်အား အခြားတစ်ကောင်အဖြစ်မှ ထည့်သွင်းခြင်းဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်မှာ အီဂျစ်နိုင်ငံရှိ တိရစ္ဆာန်ရုံဟာလည်း မြင်းကျားတစ်ကောင်နှင့်တူရန် မြည်းတစ်ကောင်ကို ခြယ်သထားခဲ့ပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*