ခွေးတစ်ကောင်နဲ့အတူ အရင်းနှီးဆုံးသောသူငယ်ချင်းဖြစ်လာခဲ့တဲ့ ကျားသစ်(ရုပ်သံ)

ခွေးတစ်ကောင်နဲ့အတူ အရင်းနှီးဆုံးသောသူငယ်ချင်းဖြစ်လာခဲ့တဲ့ ကျားသစ်(ရုပ်သံ)

ကျားသစ်လိုမျိုးတိရိစ္ဆာန်ဟာ ရက်စက်ကြမ်းကြုတ်တဲ့တိရိစ္ဆာန်လို့ ကျွန်တော်တို့က သိနေကြတာပါ ။ သို့ပေမဲ့ San Diego မှတိရစ္ဆာန်ရုံက Safari ဥယျာဉ်မှာ ဆန့်ကျင်ဘက်အနေနဲ့ ကျားသစ် နဲ့ ခွေးဟာ အကောင်းဆုံးသူငယ်ချင်းတွေဖြစ်နေကြပါတယ် ။ Ruuxa အမည်ရှိ ကျားသစ်ဟာ Raina လို့ခေါ်တဲ့ ခွေးလေးနဲ့ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်ကြပါတယ် ။

Ruuxa ဟာ Safari ဥယျာဥ်မှာ ခွဲစိတ်ကုသမှုမှပြန်လည်နာလန်ထူလာတဲ့အခါ သူတို့ရဲ့ ခင်မင်ရင်းနှီးမှု တိုးပွားလာခဲ့ပါတယ် ။ကျားသစ်ပေါက်လေးဟာ chondrodysplasia ဖြစ်ပြီး မျိုးရိုးဗီဇအခြေအနေကြောင့် သူ့ရဲ့ရှေ့ခြေထောက်တွေပုံပျက်မှုကို ပြုပြင်ရန် ခွဲစိတ်မှုပြုခဲ့ရပါတယ် ။ Ruuxa ခွဲစိတ်ကုသမှုခံယူပြီးနောက် Raina ဟာ သူ့အနားမှာထိုင်ပြီး သူငယ်ချင်းတစ်ယောက်အနေနဲ့ စောင့်ကြည့်နေခဲ့ပါတယ် ။

လေးနှစ်ကြာပြီးတဲ့နောက် Ruuxa နဲ့ Raina တို့ဟာ အကောင်းဆုံးသူငယ်ချင်းများဖြစ်နေပြီး တစ်ဦး နဲ့ တစ်ဦး လုံးဝမခွဲခွာနိုင်ကြတော့ဘဲ Ruuxa ဟာ သူ့ရဲ့ပုံပျက်တဲ့ခြေတွေကြောင့် မပြေးနိုင်တော့ဘဲ သူ့အကောင်းဆုံးမိတ်ဆွေ Raina ထံမှ လေ့ကျင့်မှုတွေရရှိပြီး ယခုမှာ အခြားသော ကျားသစ်တွေလို ပြေးလွှားနိုင်ပြီဖြစ်ပါတယ် ။ လူအများစုထင်မြင်တဲ့အရာနဲ့မတူဘဲ ယေဘုယျအားဖြင့် Raina နဲ့ Ruuxa တို့လို ကျားသစ်တွေက ခွေးတစ်ကောင်နဲ့ လွယ်ကူစွာ အဆင်ပြေနိုင်တယ်ဆိုတာ နားလည်သဘောပေါက်မိပါတယ် ။

Zawgyi

ေခြးတစ္ေကာင္နဲ႔အတူ အရင္းႏွီးဆုံးေသာသူငယ္ခ်င္းျဖစ္လာခဲ့တဲ့ က်ားသစ္(႐ုပ္သံ)

က်ားသစ္လိုမ်ိဳးတိရိစာၦန္ဟာ ရက္စက္ၾကမ္းၾကဳတ္တဲ့တိရိစာၦန္လို႔ ကြၽန္ေတာ္တို႔က သိေနၾကတာပါ ။ သို႔ေပမဲ့ San Diego မွတိရစာၦန္႐ုံက Safari ဥယ်ာဥ္မွာ ဆန႔္က်င္ဘက္အေနနဲ႔ က်ားသစ္ နဲ႔ ေခြးဟာ အေကာင္းဆုံးသူငယ္ခ်င္းေတြျဖစ္ေနၾကပါတယ္ ။ Ruuxa အမည္ရွိ က်ားသစ္ဟာ Raina လို႔ေခၚတဲ့ ေခြးေလးနဲ႔ အလြန္ရင္းႏွီးတဲ့ သူငယ္ခ်င္းျဖစ္ၾကပါတယ္ ။

Ruuxa ဟာ Safari ဥယ်ာဥ္မွာ ခြဲစိတ္ကုသမႈမွျပန္လည္နာလန္ထူလာတဲ့အခါ သူတို႔ရဲ႕ ခင္မင္ရင္းႏွီးမႈ တိုးပြားလာခဲ့ပါတယ္ ။က်ားသစ္ေပါက္ေလးဟာ chondrodysplasia ျဖစ္ၿပီး မ်ိဳး႐ိုးဗီဇအေျခအေနေၾကာင့္ သူ႔ရဲ႕ေရွ႕ေျခေထာက္ေတြပုံပ်က္မႈကို ျပဳျပင္ရန္ ခြဲစိတ္မႈျပဳခဲ့ရပါတယ္ ။ Ruuxa ခြဲစိတ္ကုသမႈခံယူၿပီးေနာက္ Raina ဟာ သူ႔အနားမွာထိုင္ၿပီး သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ ေစာင့္ၾကည့္ေနခဲ့ပါတယ္ ။

ေလးႏွစ္ၾကာၿပီးတဲ့ေနာက္ Ruuxa နဲ႔ Raina တို႔ဟာ အေကာင္းဆုံးသူငယ္ခ်င္းမ်ားျဖစ္ေနၿပီး တစ္ဦး နဲ႔ တစ္ဦး လုံးဝမခြဲခြာႏိုင္ၾကေတာ့ဘဲ Ruuxa ဟာ သူ႔ရဲ႕ပုံပ်က္တဲ့ေျခေတြေၾကာင့္ မေျပးႏိုင္ေတာ့ဘဲ သူ႔အေကာင္းဆုံးမိတ္ေဆြ Raina ထံမွ ေလ့က်င့္မႈေတြရရွိၿပီး ယခုမွာ အျခားေသာ က်ားသစ္ေတြလို ေျပးလႊားႏိုင္ၿပီျဖစ္ပါတယ္ ။ လူအမ်ားစုထင္ျမင္တဲ့အရာနဲ႔မတူဘဲ ေယဘုယ်အားျဖင့္ Raina နဲ႔ Ruuxa တို႔လို က်ားသစ္ေတြက ေခြးတစ္ေကာင္နဲ႔ လြယ္ကူစြာ အဆင္ေျပႏိုင္တယ္ဆိုတာ နားလည္သေဘာေပါက္မိပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*